အပိုင်း ၄

285 35 12
                                    

#Unicode

ဒဏ်ရာက အပေါ်ယံရှပ်ထိလေးပေမယ့် အနာရှိန်ကြောင့် ရွှေကို ၃ရက်လောက်ဖျားသွားသေးသည် ။အခုတော့ အတော်အတန်သက်သာသွားခဲ့ပြီမို့ လမ်းလျှောက်ရန်အတွက် ရွာထဲကိုထွက်လာခဲ့သည် ။ အခုလိုအချိန်မှာလည်း သပ်သပ်ရပ်ရပ်နေဖို့ကို ရွှေကိုမမေ့လျော့ပေ ။

"ရွှေကိုကိုခင်... ခဏ ... ခဏစောင့်ပါအုံး"

အော်ကြီးဟစ်ကျယ်နှင့် ရွှေကို့နာမည်ကိုလှမ်းခေါ်နေသည်ကြောင့် ရွှေကိုအနောက်ကိုလှည့်ကြည့်လိုက်သည် ။ ထိုအခါ ရွှေကို့ဆီသို့ အမောတကောပြေးလာသည့် ထင်ပေါ်ကျော်ကြားကိုတွေ့လိုက်ရသည် ။

"မောလိုက်တာကွာ .. မင်းကိုမြင်လို့ ပြေးလိုက်လာတာ"

ဆက်ပြီးဘာပြောချင်သေးလဲဟု ရွှေကိုငြိမ်သက်၍ပင်နားထောင်နေလိုက်သည်။

"မင်း သက်သာသွားပြီလား ။ ငါမင်းကို စိတ်ပူနေတာ ။ အိမ်အထိလိုက်လာဖို့ကျတော့ သူကြီးကိုကြောက်လို့"

"အင်း သက်သာသွားပြီ"

"ငါမင်းကို ကျေးဇူးတင်ပါတယ်... ဒါကမင်းအတွက်ယူလာတာ"

ထင်ပေါ်ကမ်းပေးလာသည့် ဖက်ရွက် ကတော့လေးကို ရွှေကိုယူလိုက်သည်။ ထို ဖက်ရွက် ကတော့လေးထဲတွင် ခရေပန်းများပါ၏။

"ခရေပန်းတွေလား"

"အင်းလေ ။ မင်းက ခရေပန်းကိုကြိုက်တယ်မို့လား ... အဲ့တာကြောင့် ငါစောစောထပြီးကောက်ထားတာ"

ရွှေကိုမသိမသာပြုံးလိုက်မိသည် ။ လက်ထဲကခရေပန်းလေးတွေကိုလည်း မွှေးကြူလိုက်၏ ။ အနံ့ခပ်သင်းသင်းလေးနှင့် စိတ်ကိုကြည်လင်လန်းဆန်းစေသည်။
ခရေပန်း၏အလှ ၊ ရနံ့ စသည့်အရာအားလုံးက ရွှေကို့အကြိုက်ပင် ။ ခရေပန်းသည်သာ ရွှေကို့အကြိုက်ဆုံးပန်းဖြစ်၏ ။

"ဒါပဲမို့လား ငါသွားတော့မယ်"

ရွှေကိုပျော်ရွှင်သွားပေမယ့် မျက်နှာမှာတော့ ဘာအရိပ်အယောင်မှမပြဘဲ တင်းမာထားဆဲ။
ခပ်တည်တည်ဖြင့် ထွက်သွားဖို့ပြင်တော့ ထင်ပေါ်ကျော်ကြားက ရွှေကို့လက်ကိုဖမ်းဆွဲသည် ။

ယောက်ဖတော်အား ချစ်ကျွမ်းဝင်ခဲ့သည်Where stories live. Discover now