#Unicode
"ဘာ.. ဘာလို့ဖက်တာလဲ... လွှတ်"
ရုတ်တရက်ကြီး ရွှေကို့ကိုအတင်းဆွဲဖက်လာသည့် ထင်ပေါ့်ကြောင့် ရွှေကို့မှာ ခေါင်းနားပန်းကြီးသွားရသည် ။ ဖက်ထားသည်မှာလည်း ရွှေကိုရုန်းလို့ပင်မရပေ။
"ဝမ်းသာလို့လေ... ရွှေကိုကိုခင်က ထင်ပေါ်ကျော်ကြားကိုချစ်တယ်လို့ပြောလိုက်လို့"
"ဟင်"
ရွှေကို ခဏတာမျှတောင်ကြောင်အသွားရသည် ။ ထင်ပေါ်ကျော်ကြားအားချစ်သည်ဟု ရွှေကို ဘယ်တုန်းကအဖြေပေးခဲ့လို့လဲ။
"မဟုတ်သေးပါဘူး .. ငါမင်းကိုဘယ်တုန်းကချစ်တယ်လို့ပြောလို့လဲ.. အရူးကွက်မနင်းနဲ့နော် ထင်ပေါ်ကျော်ကြား.. ငါ့ကိုအခုလွှတ်!"
"ပါးစပ်ကထုတ်မပြောပေမယ့် မင်းမျက်ဝန်းတွေကပြောနေတယ်လေ... မင်းငါ့ကိုချစ်တယ်ဆိုတာ ငါသိသွားပြီ"
ရွှေကိုအံ့သြလို့မဆုံးနိုင်တော့ပေ ။ ထင်ပေါ်ကျော်ကြား လျှောက်ပြောနေသည်လား ဒါမှမဟုတ် ရွှေကို့မျက်ဝန်းတွေကပဲ အခုလိုမျိုးသိသာနေစေသလား ။
အခုချိန်မှာ ရွှေကိုရှက်တာတစ်ခုပဲသိသည်။ ဖြစ်နိုင်လျှင် ဤနေရာကနေပျောက်ကွယ်သွားချင်မိ၏ ။"ထင်ပေါ်ကျော်ကြား ငါ့ကိုလွှတ်နော်!"
"ချစ်လို့ဖက်တာကို မငြိုငြင်နဲ့... မင်း ငရဲကြီးမယ်နော် ရွှေကိုကိုခင်"
ပြောမရဆိုမရလေးအား ရွှေကိုမနိုင်ပါပေ ။
အခုချိန်မှာ တစ်ယောက်ယောက်များမြင်သွားလေမလားဆိုတဲ့ အတွေးနှင့် ရွှေကိုမှာ ဂနာမငြိမ်ဖြစ်နေရသည် ။ မျက်လုံးတို့ကလည်း တောင်ကြည့် မြောက်ကြည့်နှင့် ယောက်ယက်ခတ်နေရ၏ ။"အဟမ်း!! ကိုကို့ကိုလွှတ်လိုက်!"
ရွှေကို့အတွေးတောင် မဆုံးလိုက်ပေ ၊ ပျိုပျိုရောက်လာသည် ။ ပျိုပျို့အသံကြားမှသာ ထင်ပေါ်ကျော်ကြားကလည်း လွှတ်ပေးသည်။ ပျိုပျိုကတော့ ရွှေကိုတို့ကိုကြည့်၍ ပြုံးစိစိလုပ်နေ၏ ။
"ဘုန်းကြီးကျောင်းသွားတာ အဲ့ဒီလောက်မြန်တာလားဟ ... ဟိုမှာ ဝေယျာဝစ္စလေးဘာလေးလုပ်မပေးခဲ့ဘူးလား"
YOU ARE READING
ယောက်ဖတော်အား ချစ်ကျွမ်းဝင်ခဲ့သည်
Romancemy first creation 🌼💛 ထင်ပေါ်ကျော်ကြား x ရွှေကိုကိုခင်