အပိုင်း ၁၅

259 36 2
                                    

#Unicode

ရွာမှာအခုလောက်ဆိုရင် ထင်ပေါ်နှင့်ရွှေကိုကိုခင်ခိုးပြေးသည့်သတင်းက ပျံ့နေလောက်ပြီထင်သည် ။ အဲ့ဒီလိုဖြစ်အောင်လည်း ထင်ပေါ်စီစဥ်ခဲ့တာဖြစ်၏ ။ စာကလေး ၊ ဝိုင်းချစ်နှင့်ဖိုးပိန်တို့အား ထိုသတင်းကို ဖြန့်ပေးရန်အကူအညီတောင်းခဲ့သည် ။ သူကြီးဦးရွှေပေါကတော့ ဒေါသအလိပ်လိပ်ထွက်နေလောက်လေပြီ ။ ထင်ပေါ်နဲ့မနီးစပ်စေဖို့ သားဖြစ်သူကို ရန်ကုန်ပို့လိုက်ပေမယ့် ပိုပြီးနီးစပ်စေခဲ့တာကိုသာ သိသွားခဲ့လျှင် မခံမရပ်နိုင်အောင်ဖြစ်နေလိမ့်မည် ။ အတွေးနှင့်တောင် ထင်ပေါ်ကျေနပ်ကာ ပြုံးစိစိဖြစ်သွားရသည်။ထင်ပေါ့်အပေါ် မျက်မုန်းကျိုးနေတဲ့ သူကြီးရဲ့ လက်ရှိမျက်နှာကြီးအား ထင်ပေါ်မြင်ချင်စမ်းပါဘိ။

"ထင်ပေါ်.. သွားကြစို့.."

မီးအိုးထိုးထားသည့် တီရှပ်အင်္ကျီရှည်အပြာနုကလေးအား ကြယ်သီးတပ်ရင်းထွက်လာသည့် ရွှေကို့ကိုမြင်မှ ထင်ပေါ်အတွေးထဲကနေရုန်းထွက်ကာ မျက်စိတစ်ဆုံးငေးကြည့်နေလိုက််မိသည် ။ ထင်ပေါ့်ရဲ့လူက ဘာပဲဝတ်ဝတ်လိုက်ဖက်သည် ။ အလှတရားတွေ စုပြုံထားသည့် သက်ရှိပန်းချီကားလေးလိုပါပင်။
ထင်ပေါ်တို့ ရွှေတိဂုံဘုရားသို့သွားရန် စီစဉ်ထားတာဖြစ်၏ ။
ချစ်ရသူရဲ့လက်ကိုတွဲရင်း ဘုရားသို့သွားကာ ရိုးမြေကျအတူရှိသွားနိုင်ဖို့ ဆုတောင်းရပေမည် ။
ထင်ပေါ်တို့အတွက် ဦးလေးငှားပေးထားသည့် Taxi လည်းရောက်နေပြီမို့ နှစ်ယောက်သားလက်တွဲရင်း အခန်းထဲကနေထွက်လာခဲ့လိုက်ကြသည် ။

ဘုရားကို အာရုံပြုကာ တရားစာရွတ်ဆိုနေသည့် ရွှေကို့အား ထင်ပေါ် မျက်တောင်မခတ်တမ်းငေးကြည့်နေမိသည် ။ ဖြူနုနုမျက်နှာလေးကို နေထိုးနေ၍ လက်ကလေးနှင့်ကာပေးလိုက်ရသေး၏ ။ ဘုရားရှိခိုးနေသည့် ထင်ပေါ့်ရဲ့လူက အမှန်တကယ် အေးအေးချမ်းချမ်းလေးပင် .. ဘေးကကြည့်နေရင်တောင်မှ အေးချမ်းမှုကို အပြည့်အဝခံစားရသည်။
ဘုရားရှိခိုးသည့် နာရီဝက်လုံးလည်း ထင်ပေါ် မပျင်းမရိ ၊ မငြီးမငွေ့ဘဲ ပြုံး၍ထိုင်ကြည့်ရင်း စောင့်ပေးနေမိခဲ့၏ ။

ယောက်ဖတော်အား ချစ်ကျွမ်းဝင်ခဲ့သည်Where stories live. Discover now