#Unicode
"သမီးဖြူချောကို မယူချင်တဲ့အကြောင်းပြချက်က ဒါပေါ့လေ.. မင်းငါ့ကို အရှက်ခွဲလိုက်တာပဲ ရွှေကိုကိုခင်!"
"အဖေ.. ကျွန်တော်.."
"မင်းပြောတာကို ငါနားမထောင်ချင်ဘူး ! ငါ့ကိုသောက်ရှက်ခွဲတဲ့ကောင်!"
~ခွပ်!~
အဖေက ရွှေကို့မျက်နှာကိုလက်သီးဖြင့်ထိုးသည် ။ အားပါလွန်းသဖြင့် ရွှေကို့မှာ အနောက်ကိုပင်ယိုင်သွားရ၏ ။ သို့ပေမဲ့ ရွှေကိုဘာမှမတတ်နိုင်ပါပေ ၊ မိဘနှင့်သားသမီးပေမို့ ငြိမ်ခံရုံသာရှိသည် ။ အခုချိန်မှာ အဖေ ဘယ်လောက်တောင်စိတ်တိုနေမလဲဆိုတာ နားလည်သည်မို့ အဖေ့စိတ်ကြိုက် ရိုက်နှပ်ခွင့်ပေးထားလိုက်မည် ။ အဖေ့ရဲ့ဒေါသတွေ ရွှေကို့အပေါ်ပုံကျသွားသည်က ပိုကောင်းပါသည်လေ ။
"အမလေး .. ဘာဖြစ်ကြတာလဲ ! ကိုရွှေပေါ.. ရှင် ကျွန်မသားကိုဘာလုပ်တာလဲ!"
မီးဖိုချောင်ထဲက အမေပြေးထွက်လာ၍ ရွှေကို့ကို အသာပွေ့ဖက်ထားသည် ။ ပျိုပျိုပါ အပြေးလိုက်ပါလာ၍ အခြေအနေတွေကို အကဲခတ်နေ၏။
"ဘာဖြစ်ရမှာလဲ!! ဒီကောင်က !.."
အဖေက ပြောမထွက်ဘူးထင်၏ .. နံရံကိုသာ လက်သီးဖြင့်ထိုးနေသည် ။
"အဖေ မလုပ်ပါနဲ့.."
ပျိုပျိုက အဖေ့ကိုထိန်း၍ အမေကတော့ ရွှေကို့ကို မလွှတ်ဘဲပွေ့ဖက်ပေးထားသည် ။ အခုချိန်မှာ ရွှေကိုဝန်ခံသင့်ပြီထင်၏ .. အဖေရိုက်မယ်ဆိုလည်း ရွှေကိုအနာခံဖို့အသင့်ပါပင်။
"အမေ... ကျွန်တော် ထင်ပေါ်ကျော်ကြားကိုချစ်တယ် .. သူ့ကိုပဲ လက်ထပ်ယူချင်တယ်.. ကျွန်တော် မိန်းကလေးတွေကိုမကြိုက်ဘူး"
"ဘယ်လို..."
အမေလည်း အတော်လေး အံ့သြတုန်လှုပ်သွားပုံရသည် .. ရွှေကို့ကို ပွေ့ဖက်ထားသည့်လက်တွေသည်လည်း အားလျော့သွားခဲ့၏။ အခုလိုကိစ္စက မိဘတွေနားလည်ပေးဖို့အတွက်ခက်ခဲသည်ကို ရွှေကိုသိပါသည် ...သို့ပေမဲ့ ရွှေကိုအပြစ်ကျူးလွန်ထားတာမဟုတ်သည်ကြောင့် အမေ့မျက်နှာကို စေ့စေ့ကြည့်ကာ အကဲခတ်လိုက်သည်။
YOU ARE READING
ယောက်ဖတော်အား ချစ်ကျွမ်းဝင်ခဲ့သည်
Romancemy first creation 🌼💛 ထင်ပေါ်ကျော်ကြား x ရွှေကိုကိုခင်