အပိုင်း ၆

355 48 20
                                    

#Unicode

"ကျွန်တော် အိမ်ထောင်ရေးကိစ္စကိုတော့ စိတ်မဝင်စားသေးပါဘူး မဖြူချော ။ ဒါပေမဲ့ ကျွန်တော်မိန်းကလေးတစ်ယောက်ကို မဖြစ်မနေလက်ထပ်ယူရမယ်ဆိုရင်လည်း မဖြူချောကိုပဲ ရွေးချယ်မိမှာပါ"

အငြင်းမဟုတ်သောအငြင်းစကားကို ရွှေကိုဆိုလိုက်သည် ။
ရွှေကို ပြတ်ပြတ်သားသား ငြင်းဆန်ဖို့အတွက်ကျတော့လည်း မဖြူချောကို အားနာရသည် ။သူမက အစစအရာရာမှာပြည့်စုံလွန်းတဲ့ မိန်းမတစ်ယောက်ပါပဲ။

"ဖြူဝမ်းသာသင့်လား ၊ ဝမ်းနည်းသင့်သလားပဲ ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ ကိုရွှေကိုကိုခင် .... အကယ်၍ ဖြူတို့ လက်ထပ်ဖြစ်ကြရင်တော့ ဖြူသိပ်ပြီးပျော်ရွှင်မိမှာပါ"

မဖြူချော၏စကားကို ရွှေကိုအပြုံးလေးဖြင့်သာ တုံ့ပြန်ပေးလိုက်သည် ။ ရွှေကို့အနေနဲ့ လက်မခံနိုင်ဘူးဆိုရင်တောင်မှ မိဘတွေက ပြောပြီးဆိုပြီးကြပြီမို့ ရွှေကိုဘာမှမတတ်နိုင်ပေ ။ မဖြူချောကလည်း ရွှေကို့ကို အဓိပ္ပာယ်ပါပါဖြင့်ပြောလိုက်တာဖြစ်သည် ။ အကယ်၍ လက်ထပ်ဖြစ်ကြရင်တဲ့လေ ။ အဲ့ဒီစကား အသွားအလာက လက်ထပ်ပွဲဖြစ်ဖို့အတွက် ၅၀% သေချာတယ်ဆိုတာပင်ဖြစ်သည်။

"ကိုရွှေကိုကိုခင်က မိဘတွေကို လွန်ဆန်နိုင်လား မသိပေမယ့် ဖြူကတော့မိဘတွေကို မလွန်ဆန်နိုင်ဘူး "

မဖြူချောဘက်က လက်ထပ်ဖို့ကိစ္စကို မငြင်းဆန်ဘူးဆိုသည့်သဘောပင် ။
ရွှေကိုကတော့ ငြိမ်သက်၍သာနေလိုက်မိသည် ။ ရွှေကို ကိုယ်တိုင်ကလည်း မိဘတွေကို လွန်ဆန်နိုင်မှာမဟုတ်ပေ ။
အဲ့သည်လိုနဲ့ပဲ ရွှေကိုလက်ထပ်ရတော့မည်ထင်၏ ။

^^^^^

လုံးလုံးနှင့်အတူ လျှောက်သွားနေတဲ့ ပျိုပျို့အား ထင်ပေါ်တွေ့၍ အနောက်ကနေလိုက်လာခဲ့လိုက်သည် ။
ထို့နောက် ပျိုပျို့၏နံဘေးတွင် ယှဥ်ရပ်၍ စကားစလိုက်၏။

"ပျိုပျို ဘယ်သွားမလို့လဲ"

"အိမ်မှာ ဧည့်သည်တွေရောက်နေတာနဲ့ နေရခက်လို့ လျှောက်သွားနေတာ"

ပျိုပျိုက ကောင်းကောင်းမွန်မွန်ပြန်ဖြေပေမယ့် လုံးလုံးကတော့ မျက်နှာလွှဲထား၏ ။ လုံးလုံးက ထင်ပေါ့်ကို အမြင်ကြည်တဲ့သူမဟုတ် ၊ ထင်ပေါ့်ဆိုရင် အကောင်းလည်းမမြင်ပေ ။ ဘာတွေ မျက်မုန်းကျိုးနေလဲဆိုတာကိုတော့ ထင်ပေါ်မသိပါချေ ။

ယောက်ဖတော်အား ချစ်ကျွမ်းဝင်ခဲ့သည်Where stories live. Discover now