အပိုင်း ၁၆

251 27 9
                                    

#Unicode

ရွှေကိုနှင့်ထင်ပေါ်တို့ရဲ့မင်္ဂလာသတင်းကြောင့် တစ်ရွာလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ထိုသတင်းက အနီးအနားရွာတွေအထိပါ ဟိုးလေးတကျော်ကျော်ဖြစ်နေလေ၏။ ယောက်ျားလေးနှစ်ယောက်ရဲ့ မင်္ဂလာပွဲကိုမကြုံဖူးခဲ့ကြ၍ အထူးအဆန်းဖြစ်နေကြသည်။
ရွှေကိုကတော့ အဲ့ဒီအတွက်ဘာမှစိတ်ထဲမခံစားရပေ ၊ ချစ်ရသူနှင့် လူသိရှင်ကြားလက်ထပ်ခွင့်ရသည်မို့ ပျော်နေတာပဲသိသည်။

"ကိုကို..."

ရွှေကိုစိတ်ကူးယဥ်ကြည့်လို့မဆုံးခင်မှာပင် ထင်ပေါ့်အသံကြားတာကြောင့် ခေါင်းထောင်ကြည့်လိုက်၏ ။ ထင်ပေါ်ကျော်ကြားဆိုသည်မှာလည်း ရွှေကို့အခန်းထဲအထိ သူ့အိမ်သူ့ရာလိုသဘောထားကာ မြောက်ကြွမြောက်ကြွနှင့် ဝင်လာသည် ။ အဖေခွင့်ပြုလိုက်ပြီးကတည်းက ရွှေကို့အိမ်က ထင်ပေါ့်အတွက် တံခါးမရှိဓားမရှိဖြစ်သွားရသည် ။

"ကိုကို ဘာလုပ်နေတာလဲ.."

"ဒီမှာ .. ငါတို့မင်္ဂလာဆောင်ကျရင် ကျွေးမွေးဧည့်ခံမယ့် စရိတ်စကတွေတွက်နေတာ ... လိုအပ်တာတွေလည်း ဝယ်ရအုံးမယ်လေ"

"အဲ့တာတွေကို တခြားသူနဲ့လွှဲထားလိုက်စမ်းပါကိုကိုရာ... မင်းကငါနဲ့ပဲနေ ။ တစ်နေကုန် အိမ်ထဲမှာပဲအောင်းနေတဲ့မင်းကို ငါကသာ မနေနိုင်မထိုင်နိုင်တဲ့အထိလွမ်းလို့လာတွေ့နေရတယ်"

ထင်ပေါ်က ရွှေကို့ခါးကို တင်းကျပ်စွာဖက်တွယ်ရင်း လှုပ်ရမ်းနေလေသည် ။ ကလေးဆိုးကြီးလိုမျိုး တကျည်ကျည်လုပ်ကာဂျီကျနေသည့်ထင်ပေါ့်ကြောင့် ရွှေကိုပြုံးလိုက်မိသေး၏ ။

"လွှတ်ပါအုံး ထင်ပေါ်ရယ်.... တစ်ယောက်ယောက်ဝင်လာလို့ မြင်ရင်လည်းမကောင်းပါဘူး"

"ယူတောင်ယူတော့မှာပဲ.. ဖက်တာလေးကိုလူမြင်လည်း ဘာဖြစ်မှာလဲ ။ မလွှတ်နိုင်ဘူး"

"ဒါဆိုရင်လည်း ငါ့ကိုစာရင်းကူလုပ်လေ..ဖယ်ပေးကွာ.. နော်"

"အဲ့ဒီလုပ်စရာတွေကို သူများနဲ့လွှဲလိုက်ပါဆို.."

"အဲ့လိုမလုပ်ချင်ပါဘူး ... ငါ့မင်္ဂလာဆောင်မှာ အားလုံးက ငါ့လက်ငါ့ခြေနဲ့ပဲဖြစ်ရမယ်... ငါကိုယ်တိုင်စီစဥ်မှာ .. မင်းကူမလုပ်ရင်နေ ငါ့ကို မနှောင့်ယှက်နဲ့"

You've reached the end of published parts.

⏰ Last updated: Nov 10 ⏰

Add this story to your Library to get notified about new parts!

ယောက်ဖတော်အား ချစ်ကျွမ်းဝင်ခဲ့သည်Where stories live. Discover now