အပိုင်း ၇

370 46 11
                                    

#Unicode

ပိစိ ကျွဲကျောင်းရာသို့ ထင်ပေါ်လိုက်ပါလာခဲ့သည် ။ အလုပ်ရယ်လို့လည်း မည်မည်ရရမရှိသူမို့ ထင်ပေါ်က အမြဲတမ်းလိုလိုအားနေတတ်သည် ။ ပုံမှန်ဆိုရင် အခုလိုအချိန်မှာ ရွာထဲကိုလျှောက်သွားပြီး လက်ယားလက်ယားလုပ်နေမှာဆိုပေမယ့် အခုတော့ အဲ့သည်လိုလုပ်ချင်စိတ်လည်းမရှိပေ ။ မရွှင်ပျသောစိတ်တို့က မည်သူနှင့်မျှ မျက်နှာချင်းမဆိုင်လို၍ ပိစိကျွဲကျောင်းသွားသည့်နောက်ကိုသာ ထင်ပေါ်လိုက်လာခဲ့လိုက်သည် ။
ထင်ပေါ်ကတော့ အကြီးဆုံးကျွဲပေါ်တွင် ပက်လက်လှန်အိပ်ရင်းပါလာတာဖြစ်၏ ။

"ကိုပေါ်ကြီး... ဟိုတစ်နေ့က ကိုရွှေကိုကိုခင်ရဲ့ဖလားစာမိခဲ့တာဆို"

ပိစိက ထင်ပေါ့်အားစနောက်လေတော့၏။
ထင်ပေါ့်အဖြစ်ကလည်း စနောက်ချင်စရာတွေချည်းသာ ....
ရန်ပွဲတိုင်းမှာ အမြဲအသာစီးသာရခဲ့တဲ့ထင်ပေါ်က သူကြီးသားနဲ့ကျမှ ခံခဲ့ရသည်လေ။

"တော်စမ်းပါကွာ... ငါသူ့ကို အလျှော့ပေးထားလို့ပါကွ ... ငါ့အခြေအနေနဲ့ဆိုရင် သူ့ကို ကိုင်ပေါက်လို့တောင်ရတယ်"

ထင်ပေါ့်အပြောကြောင့် ပိစိက တခစ်ခစ်နှင့် ကြိတ်ရယ်နေသေးသည် ။ပြီးမှ ထင်ပေါ်ကိုလှမ်းကြည့်၍

"ကိုပေါ်ကြီးက ထူးထူးဆန်းဆန်းဘာဖြစ်လို့လဲ ။ ကိုရွှေကိုကိုခင်လိုလူကို ဘာဖြစ်လို့ ရန်သွားစတာလဲဗျ"

အဲ့ဒီမေးခွန်းတွေအတွက် ထင်ပေါ့်မှာအဖြေမရှိပေ ။ ထင်ပေါ်ကိုယ်တိုင်လည်း ဘာဖြစ်လို့ ရန်သွားစမိသည်လည်းဆိုတာ မသိ ။
ပုံမှန်ဆိုရင် ရွှေကိုကိုခင့်ကို တော်ရုံတန်ရုံတောင်မှ ထင်ပေါ်ပြန်ပြောရဲတာမျိုးမဟုတ် ၊ အခုလို ရန်သွားစဖို့ဆိုတာဝေးသည် ။

"ကိုပေါ်ကြီးရော မိန်းမမယူသေးဘူးလားဗျ... ကိုရွှေကိုကိုခင်ကတော့ ယူတော့မှာဆို"

ပိစိကထပ်မံ၍ မေးခွန်းထုတ်လာပြန်သည်။ ပိစိရဲ့ထိုမေးခွန်းကြောင့် ထင်ပေါ်ဒေါသထွက်လာရပြန်၏ ။ သူကြီးကတောင် ဘာမှမပြောတာတောင်မှ တစ်ရွာလုံးက ရွှေကိုကိုခင့်ကို မိန်းမယူမယ်ဟုသာပြောနေကြသည် ။ အဲ့ဒီ တစ်ရွာသူကို ရွှေကိုကိုခင်က ဘာဖြစ်လို့ယူမှာတဲ့လဲ ။

ယောက်ဖတော်အား ချစ်ကျွမ်းဝင်ခဲ့သည်Where stories live. Discover now