အပိုင်း ၁၂

378 47 15
                                    

#Unicode

ရွှေကိုကိုခင်နှင့် ချစ်သူဖြစ်ရသည်ကို ထင်ပေါ်အခုချိန်ထိမယုံကြည်နိုင်သေးပေ ။ အိပ်မက်မက်နေသည်ဟုထင်မိတာကြောင့် ကိုယ့်လက်ကိုယ်ဆွဲဆိတ်မိသည်မှာလည်းအကြိမ်ကြိမ်ပင် ။ နာကျင်မှုကိုခံစားရသည်ကြောင့် တကယ့်အစစ်အမှန်ဆိုတာကိုလက်ခံလိုက်ရသည် ။

'ရွှေကိုကိုခင်က ဘယ်ကတည်းကငါ့ကိုချစ်တာလဲ... ငါလိုယောက်ျားတစ်ယောက်ကို လက်ခံနိုင်တာလား'

တွေးလေတွေးလေ ယုံကြည်နိုင်စရာမရှိလေပင်ဖြစ်သည် ။ ရွှေကိုကိုခင်ကဲ့သို့ သူကြီးသားမာနခဲလေးက ထင်ပေါ့်လိုလူကို ချစ်သည်တဲ့။ ထင်ပေါ်အိပ်မက်တောင်မမက်ခဲ့ဖူးပါပေ။

'ပျော်လွန်းလို့သေတော့မှာပဲကွာ.. ရည်းစားရှိတာက ဒီလိုအရသာလား'

ထင်ပေါ်ကျေနပ်လွန်း၍ သွားပင်မစိနိုင်... ခေါင်းအုံးကို ကျစ်ကျစ်ပါအောင်ဖက်၍ ဟိုလှိမ့်ဒီလှိမ့်နှင့်လုပ်နေမိသေး၏ ။အချစ်နှင့်ထိတွေ့မိပြီး လောလောလတ်လတ် ရည်းစားရထားသည့်ထင်ပေါ့်အဖို့ ဖျပ်ဖျပ်လူးနေတော့သည်။

'သူ့အကြောင်းတွေးမိမှပဲလွမ်းလာပြီ... ရွှေကိုဘာတွေလုပ်နေမလဲ'

ပိုသည်ဟုထင်ချင်ထင်နိုင်သည်... ထင်ပေါ်အသည်းအသန်ဖြစ်နေသည်မှာ ငြင်းမရပေ။ ရွှေကိုကိုခင်နဲ့ကျမှပဲ ထင်ပေါ်မရူးရုံတမယ် အဖြစ်သည်းနေရသည် ။
အခုလိုခံစားမှုမျိုးကို ခံစားဖူးသည်မှာလည်း ပထမဆုံးအကြိမ်ပင်ဖြစ်၏ ။

"ရွှေကိုကိုခင်ရာ... ငါမင်းကိုသိပ်ချစ်တာပဲကွာ"

-
-
-
-

တီရှပ်အင်္ကျီအဖြူလေးအား တံတောင်ဆစ်နားအထိခေါက်တင်လိုက်သည် ။ နီညိုရောင် ယောပုဆိုးလေးသည်လည်း ဖြူဖွေးသောအသားအရေလေးနှင့် ပနံသင့်နေတော့၏ ။ သေသပ်အောင် ဖြီးထားသည့်ဆံပင်ကို လက်နှင့်တစ်ချက်သပ်၍ မှန်ကိုတစ်ချက်ကြည့်လိုက်သည် ။ စိတ်တိုင်းကျတော့မှ သေချာသုတ်သပ်၍သိမ်းထားသည့် ကတီပါဖိနပ်အနီရောင်လေးကိုယူ၍ အိမ်အောက်သို့ဆင်းလာခဲ့လိုက်သည် ။

"ဒီနေ့ အလှူတွေရှိလို့လားရွှေကို"

တန်းလျားပေါ်တွင်ထိုင်၍ ရေနွေးကြမ်းသောက်နေသည့် အဖေကရွှေကို့အားလှမ်းမေးသည် ။ ရွှေကို့ပုံစံက အဲ့ဒီလောက်အထိ သားနားနေတာလည်းမဟုတ်ပါပေ။

ယောက်ဖတော်အား ချစ်ကျွမ်းဝင်ခဲ့သည်Where stories live. Discover now