အပိုင်း ၂

414 46 11
                                    

#Unicode

နေ့တစ်နေ့၏အစ သာယာတဲ့နံနက်ခင်းတွင်ဘုန်းကြီးကျောင်းမှ တုံးခေါက်သံ ၊ ကြေးစည်သံ၊ကြက်တွန်သံများ ညံနေသလို အလုပ်ခွင်ဝင်ကြဖို့အတွက်လည်း ကိုယ်စီကိုယ်စီ အလုပ်ရှုပ်နေကြသည်။
ယာထဲဆင်းဖို့အတွက် စောစောစီးစီးထ၍ ချက်ကြ ၊ပြုတ်ကျနှင့် နံနက်၅နာရီဆိုသည့်အချိန်ကပင် ထန်းတောကြီးရွာလေးအတွက်တော့ နောက်ကျလွန်းနေပြီဖြစ်သည်။

"ပဲပြုတ်ပူပူလေးရမယ်... ပဲပြုတ်"

ဝေလီဝေလင်းထရောင်းသည့် ပဲပြုတ်သည် မစိန်ပင်လျှင် နံနက်၅နာရီဆိုလျှင် တစ်ရွာလုံးနီးပါး နှံ့နေပြီဖြစ်၏ ။

"မစိန်ရေ လာပါအုံးတော့"

ဝိုင်းဝကနေ ဒေါ်အေးခင်အော်ခေါ်လိုက်တော့ ပဲပြုတ်သည်မစိန်ရောက်လာသည်။
မစိန် ရွက်ထားသည့်ပဲပြုတ်တောင်းလေးအား ဒေါ်အေးခင် ထိန်းကိုင်၍ကူချပေးလိုက်သည်။
ထိုတော့မှသာ မစိန်လည်း ခေါင်းပေါင်းပုဆိုးလေးနှင့်ချွေးသုတ်ချိန်ရလေတော့၏။

"ထုံးစံအတိုင်းပဲလား "

ဝယ်နေကျဖောက်သည်တွေမို့ ဒေါ်အေးခင်ဘာမှတောင်ပြောစရာမလိုပေ ။ မစိန်က စားတော်ပဲလေးတွေအားကော်ထည့်နေပြီဖြစ်၏။

"ဟုတ်တယ် မစိန် ... ကျုပ်သားက စားတော်ပဲမှမဟုတ်ရင် မစားဘူးတော့ ။ ဒီနေ့ ဟုတ်ဟုတ်ပတ်ပတ် သူ့ဦးလေးမြမောင်နဲ့ ယာထဲဆင်းအုံးမယ်တဲ့လေ"

"ထင်ပေါ်က မလုပ်ရင်လည်း အရည်ထွက်အောင်ပျင်းပေမယ့် လုပ်ပြီဟေ့ဆိုရင်လည်း လက်ကြောတင်းပါတယ် အေးခင်ရဲ့။ညည်းကမခိုင်းလို့ပါအေ"

"မခိုင်းရက်တာပါ .. ယာအလုပ်တွေကလည်း မြမောင်ဦးစီးဦးဆောင်လုပ်နေတာပဲဆိုတော့ သားလေးကို မခိုင်းရက်တော့တာ"

ဒေါ်အေးခင်အကြောင်းကို ဓာတ်သိတွေမို့မစိန်မှာ ခေါင်းတငြိမ့်ငြိမ့်သာလုပ်နေလိုက်၏ ။ထင်ပေါ်ကျော်ကြားက လက်ကြောမတင်းတာမဟုတ်ဘဲ အမေဖြစ်သူကိုယ်တိုင်က ဘာမှမခိုင်းတာမို့ မည်သူမျှလည်း စောဒကတက်စရာမရှိပေ ။

"ကဲရော့...၃အိမ်လောက်ကျန်နေသေးလို့ သွားအုံးမယ် တော်ရေ"

"ဟုတ်ကဲ့ မစိန်.."

ယောက်ဖတော်အား ချစ်ကျွမ်းဝင်ခဲ့သည်Where stories live. Discover now