Loser Ep-1
(AN / ficမရေးနိုင်တာလဲအတော်ကြာသွားပါတယ်။
ဒီfic plotကလဲစဥ်းစားထားခဲ့တာအတော်ကိုကြာခဲ့ပေမှအခုမှရေးဖြစ်ခဲ့တာပါ။
acc followers 20Kလဲပြည့်သွားတာနဲ့updateလိုက်ပါတယ်ချစ်သောတို့။
updateကတော့ 3ရက်/2ရက် တစ်ပိုင်းလောက်ဖြစ်ပါလိမ့်မယ်။
ကိုယ်လဲအလုပ်ကမအားတာကြောင့်ပါ။)
-------------တဖြေးဖြေးနီးလာသောနောက်ပါးကလူရိပ်ကြောင့် ခေါင်ရိပ်ခြေလှမ်းတို့ပိုသွက်နေမိသည်။
နောက်ကနေလူတစ်ယောက်လိုက်နေသလိုခံစားနေမိတာတစ်ပတ်လောက်ရှိတော့မည်ထင်သည်။
ပြန်လှည့်ကြည့်တိုင်းတစ်ဦးတစ်ယောက်မှရှိမနေခဲ့ဘဲဒီကနေ့မှ လူလုံးကိုမြင်ရခြင်းဖြစ်သည်။
ဆယ်နာရီကျော်ပင်ရှိသေးသော်လည်လမ်းမီးကျဲသည့်ရပ်ကွက်ပေမို့အတော်လေးမှောင်လွန်းသည်။အိမ်ရောက်ဖို့ငါးမိနစ်ခန့်လမ်းဆက်လျှောက်ရအုံးမည်မို့ခြေလှမ်းကိုနှစ်ဆပိုမြန်နေမိသည်။
ခေါင်ရိပ်နောက်ကလူရိပ်သည်လဲပို၍မြန်လာသလိုပင်။
ယနေ့မှခြေထောက်တွေကဘာလို့များထင်သလောက်ခရီးမပေါက်ရသနည်း။အိမ်ပြန်နောက်ကျရင်သမီးကမအိပ်ဘဲငိုနေတော့မှာသေချာသည်။
အဖေနဲ့အမေရှိပေမဲ့အမြဲတမ်းခေါင်ရိပ်ပြန်လာမှအိပ်လေ့ရှိသည့်ကလေးမို့ နေ့တိုင်းအချိန်မှန်ပြန်ရောက်အောင် ကြိုးစားရသည်။"အဟား..ဟက်"
နောက်ပါးစီကခြောက်ကပ်စွာထွက်လာသောရယ်သံကြောင့် ခေါင်ရိပ်ခြေလှမ်းတို့တုန့်ခနဲရပ်သွားခဲ့ရသည်။
ဒီလိုခြောက်ခြားစရာရယ်သံကိုခေါင်ရိပ်ဘဝမှာဒုတိယအကြိမ်ထပ်မကြားချင်ခဲ့တာဖြစ်သည်။
မဖြစ်နိုင်ဘူးမို့လား။
သေချာပေါက်ဒါကသူမဖြစ်နိုင်ပါဘူး။ခေါင်ရိပ်ခေါင်းထဲမှာ လွန်ခဲ့တဲ့ရှစ်နှစ်တုန်းကလိုအဖြစ်မျိုးထပ်မကြုံရဖို့သာဆုတောင်းလိုက်မိတော့သည်။
အမှောင်ထုထဲရောက်သွားပြီဆိုတာကလွဲပြီး
ခေါင်ရိပ်က အရာအားလုံးနဲ့အဆက်သွယ်ပြတ်သွားခဲ့သည်။
____________________လွန်ခဲ့သော် ရှစ်နှစ်တာကာလ>>>>>
"သားရယ် တခြားကျူရှင်ဝိုင်းတစ်ခုခုမှာပြောင်းသင်လိုက်ပါလား သားအဖေကလဲသဘောကျတာမဟုတ်ဘူးလေ"