Ep 9

408 42 1
                                    

Loser Ep-9

"ထိုင်..ထိုင်ပါအုံး
တစ်ခုခုသောက်ကြမလား ကျနော်ဝယ်ခိုင်းပေးမယ်"

"မလိုဘူး"

ဒီ့ရဲ့အသံပြတ်ကြောင့်ဒေါက်တာလေးတုန်သွားတာမြင်လိုက်သည်။
ဘောင်းဘီရှည်အနက်နှင့်အပြာနုတီရှပ်ဝတ်ထားပြီးဂျူတီကုတ်ထပ်ဝတ်ထားသည့်ဒေါက်တာ့ပုံစံကကြည့်ရတာမျက်စိအေးသည်။
သူ့လက်ဖဝါးတွေကိုပေါင်မှာနှစ်ချက်လောက်ပွတ်သုတ်နေပြီးပြုံးပြလာသည်။

"ရတယ်ဒေါက်တာ ကျနော်တို့မသောက်တော့ပါဘူး ဒေါက်တာလဲထိုင်ပါ
ကျနော့်သူငယ်ချင်းကစကားပြောချင်တယ်ဆိုလို့"

"အော်...အင်း"

ဒေါက်တာဒီဆောင်းဦးက ခြိမ်းတို့ရဲ့မျက်နှာချင်းဆိုင်မှာထိုင်ပြီး ဒီ့ကိုမဝံ့မရဲလဲကြည့်နေသေးသည်။

"ဟို..ဒီက ညီဘာပြောချင်လို့လဲဟင်"

"နာမည်ပဲခေါ် ကျနော်ခင်ဗျားညီမဟုတ်ဘူး"

"အာ..sorry
အန်တီက မင်းကျနော့်ထက်ငယ်တယ်ပြောထားလို့ပါ"

"ခင်ဗျားအဖေနဲ့မာမီ့ကိစ္စသဘောမတူဘူး"

"အဲ...အဲ့ဒါကျနော်ဘာမှလုပ်ပေးလို့မရဘူးလေ
ဖေဖေနဲ့အန်တီရွေးချယ်တဲ့လမ်းပဲကို"

"ခင်ဗျားကိုယ့်အဖေကိုတားလေ"

"ဒီနွေဦးလဲအန်တီ့ကိုတားလေ
ဘာလို့ကျနော့်ကိုလာပြောနေရတာလဲ"

ဒေါက်တာလေးကနည်းနည်းတော့ကြောက်နေပုံပေမဲ့ပြန်ပြောတာကတော့ချက်ကျသည်။
စကားပြောတာကလဲယဥ်ကျေးသည်။
ဒီ့မျက်နှာကခံရခက်သွားဟန်။

"မာမီကလုပ်ငန်းရှင်မို့ ခင်ဗျားကအမေတော်ချင်နေရင်တောင် ကျနော်ကတော့အမျိုးမတော်နိုင်ဘူးခင်ဗျားတို့ကို"

"ဘာ..."

ဒေါက်တာဒီဆောင်းဦးမျက်နှာကတင်းခနဲ။
ပန်းရောင်ပြေးသောအသားအရည်က ချက်ချင်းနီရဲကာမျက်ရည်တွေပါဝေ့တက်လာတာမြင်လိုက်ရသည်။
ဒီ'ကတော့သူ့စကားမှန်သွားလို့ ဒေါက်တာဒီဆောင်းဦးမခံမရပ်နိုင်ဖြစ်သွားသည်ဟုယူဆကာခပ်မဲ့မဲ့ပြုံးသည်။

LOSER ✨Where stories live. Discover now