Ep 11

321 34 7
                                    

Loser Ep-11

သမီးကတော့ ပထမဆုံးအကြိမ် အခုလိုလူအများသွားရမည်မို့ပျော်နေသည်။
သူကလဲသမီးကိုစကားတွေပြောနေသည်မှာစီကာပတ်ကုံး။
ခေါင်ရိပ်ကိုတော့ကားထဲပါတယ်လို့ပင်မထင်။

မလိုက်ချင်သော်လည်း အဖေနဲ့အမေတို့ပါထိုပွဲသို့တက်မည်ဆိုတာကြောင့် လိုက်လာဖြစ်ခဲ့သည်။
ပေကပ်ပြီးအိမ်မှာနေလဲရမှာမဟုတ်တာကတစ်ကြောင်းပင်။
ဘယ်လိုပဲမလိုက်ချင်ဘူးပြောပြော ဒီအယုတ်တမာဆောင်းညက မိမိအားရအောင်ခေါ်မှာဖြစ်သည်။

မီးတွေလင်းထိန်နေသောခြံဝန်းကြီးတစ်ခုရှေ့တွင်ကားရပ်တော့ အပြေးအလွှားတံခါးဖွင့်ကြသည်။
ခြံပြင်တွင်မီဒီယာသမားများကိုလဲတွေ့ရသည်။
ခေါင်ရိပ်တို့ကတော့နာမည်ကြီးတွေလဲမဟုတ်တာမို့ဓာတ်ပုံအရိုက်ခံရတာမျိုးမရှိ။
တခြားကားတွေထဲမှအနုပညာရှင်များထွက်လာလျှင်တော့အလုအယက်ပင်ဓာတ်ပုံရိုက်ကြသည်။

နာမည်ကြီးမော်ဒယ်မင်းသားနှစ်သစ်ကူး၏ပွဲမို့ဒီလိုလူစည်ကားတာကိုတော့အထွေအထူးမအံ့သြမိတော့။
ခေါင်ရိပ်ရဲ့မိဘတွေပါလာမည်ဆိုတာကြောင့်မာဖီးယားဂိုဏ်းခေါင်ဆောင်ဦးမာန်ဟုန်ခွင်းဆိုသူ၏အာဏာစက်သည်လဲမသေးလှ။

"အထဲဝင်မယ်"

"သမီးကိုအောက်ချလိုက်"

"ကျုပ်ချီခဲ့မှာ"

ကလေးသေးသေးလေးလဲမဟုတ်တာမို့လမ်းလျှောက်ခိုင်းတာပိုအဆင်ပြေမည်ဟုခေါင်ရိပ်ပြောချင်သော်လည်း မရမှန်းမသိတာမို့မပြောတော့။
သမီးကိုချီကာရှေ့ကနေဦးဆောင်သွားတာမို့
နောက်ကနေအမှီလိုက်ရပြန်သည်။

"ရောက်လာပြီးဆရာသမား
နောက်ကျသားပဲ"

အရင်ရောက်နေကြသည့် ​ဒီနွေကလက်လှမ်းပြပြီးနှုတ်ဆက်လာသည်။
သူ့အနားရောက်တာနဲ့ဆောင်းညလက်ထဲကသမီးကိုတန်းဆွဲချီတော့တာပင်။

"ငါ့အသဲလေးကွာ လွမ်းနေတာဦးဦးက"

ပြောလဲပြောသမီးကိုနမ်းပြန်သည်။
ခေါင်ရိပ်ကထိုင်ခုံမှာဝင်ထိုင်ပြီးပေမဲ့သူကတော့မထိုင်သေးဘဲ ဟိုဒီကြည့်နေသည်။

LOSER ✨Where stories live. Discover now