Ep 7

426 45 4
                                    

Loser Ep - 7

"မင်းပြောတော့ငါ့ကိုအိမ်ပြန်လိုက်ပို့မှာဆို
ဒါကဘယ်ကိုမောင်းနေတာလဲ"

"တရားရုံး"

"တရားရုံး...."

ဆောင်းညအဖြေကိုသံယောင်လိုက်မိသည်။

"မင်းကိစ္စရှိလဲနောက်မှသွားငါ့ကိုအရင်ပြန်ပို့ပေး"

"ကျုပ်ကိစ္စပဲမဟုတ်ဘူး
ခင်ဗျားနဲ့လဲဆိုင်တယ်"

"ငါနဲ့ဘာဆိုင်လို့တုန်း
တရားရုံးမှာငါ့ကိစ္စဘာမှမရှိဘူး"

"ခင်ဗျားလက်ထပ်ရမယ်လေ"

"ဘာ"

ခေါင်ရိပ်ခန္ဓာကိုယ်ပါသူ့ဘက်ကိုလှည့်လိုက်မိတာဖြစ်သည်။
သူကစိတ်ပျက်သွားဟန်စုတ်တစ်ချက်သပ်သည်။

"ကျုပ်နဲ့"

"ငါကမင်းနဲ့ဘာအကြောင်းရှိလို့လက်ထပ်ရမှာတုန်း ငါ့မှာအိမ်ထောင်နဲ့ မင်းငါ့ကိုအိမ်ထောင်ရေးဖောက်ပြန်တဲ့သူဖြစ်အောင်လုပ်နေတာလား"

"ခင်ဗျားကြိုက်သလိုယူဆ
ကျုပ်ကတော့ရှင်းတယ် နဂိုကတည်းက ငွေနှင်းမှုန်ထက်အရင် ကျုပ်ကခင်ဗျားကိုပိုင်ခဲ့တဲ့ကောင် အခုခင်ဗျားက ကျုပ်သမီးရဲ့အဖေမို့
ကျုပ်ကခင်ဗျားနဲ့ရအောင်ကိုလက်ထပ်မှာ"

"မင်းရူးနေတာလား
မိန်းမတစ်ယောက်နဲ့လက်ထပ်ထားတဲ့ငါက
ယောကျာ်းတစ်ယောက်နဲ့ပါလက်ထပ်ပါတယ်ဆိုရင်ငါခွေးဖြစ်သွားမှာပေါ့ကွ"

"အခုလဲခင်ဗျားနွားဖြစ်နေတာပဲလေ
ခွေးထပ်ဖြစ်တာဘာထူးသွားမှာမို့လဲ"

လူကိုနွားနှင့်နှိုင်းလိုက်သည့်စကားအားသူကတော့ကားမောင်းရင်းအာရုံစိုက်မပျက်ပြောထွက်သည်။
အနှိုင်းခံရသူအဖို့ကတော့အတော်ကိုခံရခက်စေတာပင်။

"အေး ငါ့ဘာငါနွားပဲဖြစ်ဖြစ်ငါ့ကိစ္စ
ခွေးတော့ငါအဖြစ်မခံနိုင်ဘူး"

"ငွေနှင်းမှုန်ကနွားလုပ်တာတောင်
ခင်ဗျားမသိချင်ယောင်ဆောင်ငြိမ်နေနိုင်သေးတာပဲ ကျုပ်ကခွေးဖြစ်အောင်လုပ်တာလဲ
ဘာမှအထွန့်မတက်နဲ့"

အကုန်သူ့သဘော သူဖြစ်ချင်တာကိုဦးစားပေးနေတဲ့ကောင်မျိုး။
ခေါင်ရိပ်ဘက်ကိုတစ်ချက်မှထည့်မတွေးပေးဘူး။

LOSER ✨Where stories live. Discover now