Ep 19

269 32 8
                                    

Loser Ep - 19

ခေါင်ရိပ် သမီးတက်တဲ့ကျောင်းမှာပဲ
ကလေးတွေကိုစာသင်ဖြစ်သည်။
အစပိုင်းတော့ဆောင်းညကပဲလိုက်ပို့ပေးပြီး နှစ်ပတ်လောက်နေတော့ ကိုယ်တိုင်ကားမောင်းကာသမီးနဲ့အတူလာသည်။
စိတ်မချသည့်ဆောင်းညကြောင့် မင်းမောင်က တခြားကားတစ်စီးဖြင့်နောက်ကလိုက်ရတာကတော့သပ်သပ်ပင်။

အရင်ကထက် အရိပ်တကြည့်ကြည့်လုပ်လွန်းသည့်ဆောင်းညကြောင့် ခေါင်ရိပ်ဘယ်မှကိုသွားလို့မရ။

အဖေကခေါင်ရိပ်စီခဏခဏလိုဆက်သွယ်နေတာဖြစ်သည်။
အကြောင်းစုံခေါင်ရိပ်သိထားမှန်း အဖေပြန်သိနေ၍လားမပြောတက်။

"အကို မနက်ဖြန် တခြားသွားစရာရှိလား"

"ဟင့်အင်း မရှိဘူး ဘာလို့လဲ"

"ကျနော်မအားလို့ အိမ်မှာအကိုပျင်းနေမှာစိုးလို့မေးတာ ကုမ္မဏီကိုလိုက်ခဲ့မလား သမီးရောခေါ်ပြီး"

"မလိုက်ချင်ပါဘူး အိမ်မှာပဲနေမယ်
ကျောင်းပိတ်ရက်သမီးနဲ့ကစားပေးမလို့
မင်းကအလုပ်မနားဘူးလားပိတ်ရက်ကိုတောင်"

"အင်း ဒီရက်ပိုင်း ခြိမ်းလဲတခြားကိစ္စတွေရှိတယ်ထင်တယ် သူကုမ္မဏီမသွားနိုင်ဘူးလေ အလုပ်ကြွေးတွေကျနော်ပြန်ဆပ်ရအုံးမယ် အဲ့ဒါကြောင့်"

"အော် အေးပါ သွားလေ ငါကရပါတယ်
မေ့လို့ ငါမနက်ဖြန်အမေ့စီတော့ခဏသွားအုံးမယ် ခဏပါပဲ သမီးကိုမခေါ်သွားဘူး"

"အိမ်ကိုလား"

ဆောင်းညမျက်နှာကနည်းနည်းတော့စိတ်မချဟန်။

"ရုံးကိုသွားမှာ အိမ်မသွားတော့ဘူး
အဖေနဲ့လဲငါမတွေ့ချင်သေးလို့"

ထိုအခါမှမျက်နှာကပြန်ကြည်လာသည်။

သူလဲခေါင်ရိပ်ကိုအဖေနဲ့တွေ့စေချင်ပုံမရ။
အဲ့ဒါကြောင့်လဲတမင်လိမ်ပြောလိုက်ရခြင်း။
အဖေနဲ့သွားတွေ့မယ်ပြောရင်လွှတ်မှာမဟုတ်။

"မင်းမောင်ကိုလိုက်ပို့ခိုင်းလိုက်မယ်
တစ်​ယောက်ထဲမသွားနဲ့"

"ရပါတယ် ငါတစ်ယောက်ထဲလဲဖြစ်တယ်
မင်းပဲခေါ်သွားလိုက်"

ခေါင်ရိပ်ကိုစူးစမ်းသလိုကြည့်နေပြန်သည်။

LOSER ✨Where stories live. Discover now