Loser Ep-2
"ဆောင်းည"
"ကျစ်"
ခေါင်ရိပ်ကိုမြင်တော့စိတ်မရှည်ဟန်စုတ်တစ်ချက်သပ်ကာတဖက်လှည့်သွားသည်။
ခေါင်ရိပ်လဲသူ့ရှေ့အမြန်သွားကာပိတ်ရပ်လိုက်သည်။"ဆရာကခေါ်ရင်ရပ်ပြီးနားထောင်ရမယ်ဆိုတာမင်းမသိဘူးလား"
"မသိဘူး"
"ဆောင်းည"
"ပြောကွာ..ပြော
ခင်ဗျားဘာပြောချင်တာလဲခေါင်ရိပ်သွင်"စကားပြောသည့်အချိုးကပင် ခေါင်ရိပ်ကသူ့ထက်အငယ်လိုမျိုး။
"မင်းဒီနှစ်ဆယ်တန်းအောင်ဖို့လိုတယ်"
"အဲ့ဒါကျုပ်ကိစ္စပါ"
"မင်းမရိုင်းနဲ့ ကျနော်လို့ပြင်ပြော"
"အဲ့ဒါကျုပ်သဘော"
"ဆောင်းည"
ခေါင်ရိပ်တကယ်ကိုစိတ်တိုမိတော့သည်။
ဘာလို့ဒီလောက်တောင်စကားပြောရလက်ပေါက်ကပ်နေမှန်းမသိ။"ခင်ဗျား အခုမှဘာလာဖြစ်နေတာလဲ
ခင်ဗျားနဲ့ကျုပ်က မျက်မှန်းတောင်တန်းမိတဲ့လူတွေမဟုတ်ဘူးလို့ထင်တာပဲ""ဘာ"
မျက်မှန်းတောင်မတန်းမိဘူးတဲ့လား။
ဒါဆိုငယ်ငယ်တုန်းကအတူဆော့ခဲ့ကြတာတွေ
အတူကျောင်းသွားကြတာတွေ မုန့်အတူစားတာတွေက ရင်းနီးခဲ့ကြတာမဟုတ်ဘူးလား။"ခင်ဗျားလဲ ကျုပ်ပတ်ဝန်းကျင်က လူတစ်ယောက်ပဲခေါင်ရိပ်သွင်
ကျုပ်ပတ်ဝန်ကျင်းကလူတွေကျုပ်ကိုဘယ်လိုမြင်ပြီးဘယ်လိုသဘောထားကြလဲဆိုတာ ခင်ဗျားလဲသိသလို ခင်ဗျားကိုယ်တိုင်လဲအဲ့ဒီလိုလူပဲ ကျုပ်ပြောထားမယ်ခေါင်ရိပ်သွင်
ခင်ဗျားစည်းမှာ ခင်ဗျားနေပါ
ကျုပ်ရှိတဲ့တဖက်ခြမ်းကိုခင်ဗျားကျူးလာတာနဲ့
ခင်ဗျားဘဝကို အာမ မခံပေးနိုင်ဘူး""ငါကမင်းကိုဆုံးမနေတာ ဆောင်းည
မင်းကိုကောင်းစေချင်လို့ပြောနေတာ
မင်းငါ့ကိုဘယ်လိုထင်ထင်ငါဂရုမစိုက်ဘူး""မလိုဘူးဘာမှ
ကျုပ်နဲ့လာမပတ်သက်နဲ့
ခင်ဗျားအဖေခေါင်းစဥ်တပ်ပေးထားတဲ့ အရှုံးသမားလိုကျုပ်နဲ့ လာနွှယ်ရင် ခင်ဗျားတစ်ဘဝလုံး စုတ်ပြတ်သွားလိမ့်မယ်
ခင်ဗျားမိဘတွေနဲ့သာအားရအောင်သွားပျော်"