Ep 25

199 23 2
                                    

Loser Ep - 25

"သမီးစာမေးပွဲရက်ကိုသေချာလိုက်ပို့ဖို့မမေ့နဲ့"

"စိတ်ချပါ ကျနော်ဂရုစိုက်ပါ့မယ်
အကိုစိတ်မပူနဲ့ အန်တီ့ကိုသာကျနော်ကတောင်းပန်တဲ့အကြောင်းပြောပေးအုံး
လိုက်တွေ့ဖို့တော့ကျနော်လဲအဆင်သင့်မဖြစ်သေးလို့"

ဒီတစ်လောမှာပင် ခေါင်ရိပ်အဖေနဲ့ဦးနှင်းမောင်ရဲ့သတင်းတွေကအတော်ကိုကြီးသွားခဲ့သည်။
နာမည်တစ်လုံးဟာ ဘယ်လောက်အထိတောင်အရေးပါလိုက်သလဲ။
နာမည်ကောင်းရဖို့ခက်ပေမဲ့ နာမည်ပျက်ဖို့ကတော့သိပ်ကိုလွယ်လွန်းသည်။
နိုင်ငံတော်ပုန်ကန်သူတဲ့လေ။
ဆောင်းညကင်ပွန်းတပ်လိုက်သည့်ထိုအမည်က အဖေ့ရဲ့သေဆုံးသွားသည့်တစ်လျှောက်လုံးကနေ ဘယ်အချိန်ကာလအထိမှန်းမသိနိုင်တော့ပါပဲအမည်ဆိုးကျန်ရစ်ခဲ့တော့မည်။

အပြစ်လဲမတင်ချင်တော့။
ဘယ်သူ့ကိုများအပြစ်တင်လို့ရပါ့မလဲ။
အတုန့်အလှည့်ဟူသည် ဝဋ်ဟူသည်ကလဲရှိနေသေးတာပဲမို့ ဒါကသံသရာတစ်ပတ်လည်သည်ထင်ပါရဲ့။
အဖေ့ကိစ္စကြောင့် အမေလဲအခုဆို သူ့လုပ်ငန်းခွင်မှာအတော်အဆင်မပြေဖြစ်နေရသည်။
တရားသူကြီးမင်း၏ခင်ပွန်းဟာနိုင်ငံတော်ပုန်ကန်ရန်ကြိုးစားခဲ့သည်ဆိုတဲ့စကားများက အမေမကြားချင်လျှင်တောင်ကြားနေရတော့မည်ဖြစ်သည်။

ဒီအကြောင်းကိစ္စတွေကြောင့်ပဲ
အမေကအရင်က ခေါင်ရိပ်အတွက်အတ္တကြီးခဲ့သည်တို့အား နောင်တရဟန်တူ၏။

"လိုက်မပို့နဲ့ ငါသွားတော့မယ်"

"ပြန်လာချင်ရင်ဖုန်းဆက်လိုက်အကို
လာခေါ်မယ်"

"မင်းသူငယ်ချင်းမင်္ဂလာပွဲနေ့ကျ ငါပါလိုက်ခဲ့မယ် အိမ်ကိုလာခေါ်"

ဒီနွေ့မင်္ဂလာပွဲကဆယ်ရက်နီးပါးလိုသေးသည်။
အကိုကအဲ့လောက်အထိသူ့အိမ်မှာသွားနေမည့်သဘောပင်။

သူ့ဟာသူပဲကားယူသွားသည်။
လိုက်ပို့ချင်သော်လည်းငြင်းမှာပဲမို့ ကားထွက်သွားသည်အထိရပ်ပဲကြည့်နေလိုက်ရသည်။
စိတ်မချစရာတော့ဘာမှမရှိတာမို့ မစိုးရိမ်မိတော့။

"နီလာ ဒီခဏလာအုံး"

"ဟုတ်ကဲ့သူ​ဌေး"

"ညနေကျရင် တစ်ယောက်ယောက်ကိုကားမောင်းပို့ခိုင်းပြီး သမီးကိုသွားကြိုက်လိုက်
ငါအလုပ်ကိစ္စသွားစရာရှိလို့နောက်ကျမယ်"

LOSER ✨Where stories live. Discover now