Loser Ep-5
"မောနင်း ဒယ်ဒီ"
"မောနင်း ဒယ်ဒီ့မင်းသမီးလေး"
သမီးစီကဒယ်ဒီလို့ခေါ်သံကြားတော့ဆောင်းညပြုံးလိုက်မိသည်။
ခေါင်ရိပ်သွင်ကကြောက်တော့ကြောက်တက်သား။မနက်စာဝိုင်းမှာထိုင်နေသည့်သမီးကိုနှဖူးလေးနမ်းပြီး ဆောင်းညလဲဝင်ထိုင်လိုက်သည်။
သမီးအဖေလေးကိုတော့မတွေ့။"သမီးဖေဖေရော"
"အခန်းထဲမှာ ဒယ်ဒီနဲ့မတွေ့ချင်ဘူးတဲ့
အိမ်ပြန်ချင်တယ်လို့ပြောတယ်
ဒယ်ဒီ...သမီးကဒီမှာပဲနေရမှာလားဟင်
ဖိုးဖိုးတို့စီမပြန်ရတော့ဘူးလား""နောက်မှပေါ့ အခုတော့မပြန်ရသေးဘူး
မနက်စာစားတော့ ဒယ်ဒီကသမီးဖေဖေကိုသွားခေါ်ခဲ့မယ်""ဟုတ်"
သမီးကိုခဏထားခဲ့ပြီး သမီးနဲ့သူ့အတွက်ပေးထားသည့်အခန်းသို့ဝင်လာခဲ့သည်။
ဆောင်းညဝင်လာတာကိုတောင်မသိသည်အထိခေါင်ရိပ်သွင်ကအတွေးများနေဟန်။
အခန်းထဲဟိုလျှောက်ဒီလျှောက်နဲ့ဂဏာမငြိမ်။"အဲ့ဒါဘယ်လိုဖြစ်နေတာလဲ"
"မင်း...ဘာလို့ငါ့အခန်းထဲဝင်လာတာလဲ"
"ဒါကျုပ်အိမ်လေ"
"ဘာလာလုပ်တာလဲ ထွက်သွား"
"သမီးကိုကျုပ်ကသူ့ဒယ်ဒီလို့ပြောလိုက်ရပြီး
ခင်ဗျားရှက်လို့အခန်းထဲကထွက်မလာတာမို့လား
ထွက်လာခဲ့ မနက်စာစားမယ် သမီးတစ်ယောက်ထဲပစ်ထားစရာလားခင်ဗျား""ငါကဘာလို့ရှက်ရမှာတုန်း
သမီးကိုမင်းမဟုတ်တာတွေပြမှာစိုးလို့ ပြောလိုက်တာ သမီးကမင်းနဲ့ဘာမှမဆိုင်ဘူး""အင်းပါ သမီးက ခင်ဗျားနဲ့ရှာရွတ်ခမ်းနဲ့မွေးထားတာဟုတ်ပြီလား ထွက်ခဲ့အခု"
"ငါ့ဖုန်းရော ပြန်ပေး"
"ပစ်လိုက်ပြီ"
"ဘာကွ"
"မကြားလို့လား ပစ်လိုက်ပြီ"
"မင်း..သူများပစ္စည်းကို
ပိုင်ရှင်မသိဘဲလုပ်ချင်ရာလုပ်ပစ်ရသလား""အသစ်ဝယ်ပေးမယ်အဲ့လောက်ဖြစ်မနေနဲ့
လာခဲ့"ခဏခဏခေါ်နေရလျှင်ဆောင်းညစိတ်ရှည်နေသူမဟုတ်။
လက်ကနေဆွဲစောင့်ခေါ်လာခဲ့သည်။