Ep 23

322 27 1
                                    

Loser Ep - 23

ဒီနွေနဲ့ ဆောင်းဦးအ​ခြေအနေက လှေကားမှာဆက်ရပ်နေရမှာလို ဆင်းပဲဆင်းသွားရမှာလိုဖြစ်နေသည်။
ဆောင်းညတပည့်တွေကတော့ သတိမရှိတော့သည် အဖိုးကြီးနှစ်ယောက်အားနေရာမှသယ်ထုတ်သွားနေပြီဖြစ်သည်။

အမောင်ဆောင်းညက သူ့ယောကျာ်းကိုခါးကနေဆွဲပြီး ပယ်ပယ်နယ်နယ်ကိုနမ်းနေတာ။မသိရင်လူတစ်ကိုယ်လုံးသူ့ပါးစပ်ထဲဝင်တော့မည့်အတိုင်းပင်။

မိမိနည်းတူ ပါးစပ်ကလေးဟလို့ရပ်နေသူအား လက်မောင်းသွားဆွဲရသည်။

"ဘာလဲ"

"ပြန်မယ်လေ ဘေဘီရဲ့"

"သူ့အခြေအနေက ဒါအတွက်အဆင်သင့်ဖြစ်မနေဘူး
တားမှရမှာ"

"အခုအချိန်သွားတားရင် ဆောင်းညသတ်မဲ့လူက ခင်ဗျားဖြစ်သွားမယ် ဒီဆောင်းဦးရဲ့"

ဒီနွေဆွဲခေါ်ရာကိုမလိုက်ချင်လိုက်ချင်ပါလာသည်။
သူများလင်မယားကိစ္စကိုသူကလိုက်ပူနေတယ်။
ဒေါက်တာတွေများ အတော်လဲစိတ်ပူကြရန်ကော။

ဒီနွေတို့ ခြံအပြင်ရောက်တော့ အကိုခေါင်ရိပ်အမေလဲရောက်နေသည်။

"အန်တီ ဟို ကျနော်ဆောင်းညသူငယ်ချင်းပါ"

ဆောင်းညတပည့်တွေကိုတော့ မတွေ့ရတော့။
ဒီကောင်တွေကလဲလျှင်လိုက်တာ။

"အန်တီတွေ့လိုက်တယ်"

"ဗျာ"

"အန်တီ့အမျိုးသားနဲ့ကိုနှင်းမောင်ကိုပြောတာပါ...သူတို့သေသွားတာလား"

"မသေပါဘူးအန်တီ"

"ဆောင်းညနဲ့အန်တီ့သားရော
သူတို့နဲ့စကားပြောဖို့လိုတယ် ခေါ်ပေးနိုင်မလားမောင်ရင်"

"ဟိုအန်တီ အခုတော့မရလောက်သေးဘူး
အန်တီအိမ်ကပဲစောင့်ပါလား
ကျနော်ခေါ်လာပေးမယ် နည်းနည်းတော့ကြာအုံးမယ်ဗျ သူတို့ကိစ္စလေးလဲရှိလို့"

"အော် မင်းတို့ရော လိုက်ခဲ့လို့ရတယ်
အန်တီ့အိမ်ကဒီမှာပဲ"

"ဟုတ် ကျနော်သိပါတယ်ဗျ၊
ဘေဘီ လိုက်သွားမလား ကားထဲကစောင့်တာထက်စာရင် အိမ်ထဲသွားတာကပိုအဆင်ပြေမလားလို့"

LOSER ✨Where stories live. Discover now