Ep 10

350 41 4
                                    

Loser Ep-10

ဆောင်းညအလုပ်သွားရအုံးမည်မို့
အချိန်အနည်းငယ်စောထလိုက်ရသည်။
နိုင်ငံခြားကဧည့်သည်ကိုသွားကြိုရမည်မို့မင်းမောင်ကိုလဲညကတည်းက ကားအဆင်သင့်ပြင်ထားရန်ပြောထားရသည်။

အိပ်ယာပေါ်ဝေ့ကြည့်တော့ သမီးရော ကလေးအဖေရောရှိမနေတော့။
ကိုယ်ပေါ်ကစောင်ကိုဖယ်ပြီးအမြန်ထရသည်။
နောက်ကျလို့ကမဖြစ်။

"မင်းအဲ့ဒါဘယ်လဲ"

"အော်...ခင်ဗျားအောက်ထပ်မှာထင်နေတာ
သမီးကိုရေချိုးပေးနေတာလား"

"မဟုတ်ဘူး ရေချိုးဖို့စောင့်ခိုင်းထားတာ"

"အော်"

ဆောင်းညလဲအလျင်လိုနေတာမို့ဘာမှထပ်မပြော။

"မင်းကဘယ်လဲ သမီးကိုရေချိုးပေးလိုက်"

"ဟမ်"

"မကြားလို့လား ရေချိုးပေးပြီး
ကျောင်းသွားဖို့ပြင်ပေးလိုက်
ငါအောက်ထပ်သွားမလို့"

"အဲ့ဒါတွေကခင်ဗျားလုပ်ရမဲ့တာဝန်လေ
ဘာလို့ကျုပ်ကိုပြောနေတာလဲ"

"သမီးကငါတစ်ယောက်ထဲမွေးထားတာမို့လား
မင်းလဲအဖေပဲ မင်းကျတော့တာဝန်မရှိဘူးလား"

"အိုခေ အိုခေ...နောက်ရက်ကျကျုပ်လုပ်ပေးမယ်ဒီနေ့တော့အချိန်မရလို့ အရေးကြီးလုပ်ငန်းရှင်နဲ့တွေ့ဖို့ရှိလို့သွားရမယ်"

"အဲ့ဒါတွေငါမသိချင်ဘူး
မင်းဟာမင်းသွားတာ မသွားတာမင်းအပိုင်း
ငါပြောတာကသမီးကိုပြင်ဆင်ပေးဖို့ပဲ"

ရေချိုးခန်းအဝတွင်သမီးကအိပ်ချင်မူးတူးဖြင့်ရပ်နေသည်။
ခေါင်ရိပ်သွင်ကတော့ ပုခုံးတစ်ချက်တွန့်ပြပြီးအခန်းပြင်ထွက်သွားသည်။

"ခေါင်ရိပ်သွင်...ဟိတ် ခင်ဗျားဘယ်လဲ"

တံခါးတောင်သေချာပိတ်ပေးသွားသေးသည်။
ဆောင်းညဆံပင်တွေထဲလက်ထိုးဖွကာ ခပ်ရေးရေးပြုံးလိုက်မိသည်။

"ဒီလူကတော့ကွာ"

သမီးကိုလှည့်ကြည့်တော့ရေချိုးခန်းတံခါးကိုမှီကာအိပ်နေတော့သည်။

LOSER ✨Where stories live. Discover now