Loser Ep-8
"ငါ့ကိုကားရပ်ပေး"
ဘာစကားမှမပြောဘဲတိတ်နေရာက
ကားရပ်ပေးဆိုပြီးထပြောလာတော့ ဆောင်းညလဲမျက်လုံးတစ်ချက်စွေကြည့်လိုက်သည်။
ကလေးအဖေမျက်နှာကတော့ ကိုယ့်ဘက်ကြည့်မနေ။"ဆောင်းည ကားရပ်ပေး"
"မရပ်ပေးဘူး ခုန်ချချင်ခုန်ချလိုက်"
"ရူးနေလို့ငါကခုန်ချရမှာလား
သွားနေတဲ့ကားပေါ်ကမင်းပဲခုန်ချ""ကျုပ်ကို dramaတွေလာမခင်းနဲ့ခေါင်ရိပ်သွင်
ငါအိမ်ပြန်မယ်ငါ့မိဘတွေနဲ့ပဲနေမယ်တွေလာမလုပ်နဲ့ မရပ်ဘူး""ငါကမင်းကိုဘာပြောနေလို့လဲ
ကားရပ်ပေးခိုင်းတာက ငါဝယ်စရာရှိလို့
ထင်ရာတွေပြောနေတာမင်း ငါမဟုတ်ဘူး""ဘာဝယ်မှာတုန်း အိမ်မှာအကုန်ရှိတယ် ခင်ဗျားလိုတာ"
"မင်းအိမ်မှာမရှိတဲ့ဟာ
ငါလိုတာအကုန်မင်းအိမ်မှာရှိရအောင်
မင်းအိမ်က super marketလား"စိတ်အချည်ပေါက်လွန်းရသည်မို့
ရွဲ့ပြောချလိုက်သည်။
ဝယ်စရာကတကယ်ကိုအရေးကြီးတာမို့
ကားရပ်ပေးခိုင်းတာကိုဒင်းကအရစ်ရှည်။"ဘာဝယ်မှာတုန်းပြောမှ
ကျုပ်ကလိုအပ်လားမလိုအပ်လားသိမှာပေါ့""ရပ်မှာဖြင့်ရပ်စမ်းဆောင်းည
မင်းစကားရှည်နေတာနဲ့ဆေးဆိုင်ကကျော်ခဲ့ပြီ""ဆေးဝယ်မလို့လား"
"ဟုတ်တယ်"
"ဘာဆေးတုန်း အိမ်မှာရှိတယ်"
"ကျစ်..ဘာဆေးမှန်းတောင်မသိဘဲ
အိမ်မှာရှိတယ်ပြောရအောင် မင်းကိုမင်းဗေဒင်ဆရာထင်နေတာလား""ဗေဒင်ဆရာမဟုတ်ပေမဲ့
ကျောင်းဆရာကတော့ကျုပ်လင်ပဲ"ကားမရပ်ဘဲစကားရှည်နေတာမို့
ကားစီယာတိုင်အား ခေါင်ရိပ်လှမ်းဆွဲလှည့်ပစ်လိုက်သည်။
ကားကယိမ်းထိုးသွားမှ သူလဲဘရိတ်ကိုဆောင့်အုတ်သည်။"သေချင်နေတာလားခင်ဗျား"
"မင်းဘာလို့လေရှည်နေသေးလဲ
ကားရပ်ဆိုရပ်လေ"