{3}

410 55 40
                                    

" ကိုယ်ပြန်တော့မယ် "

သူထမင်းစားနေတုန်း ရုတ်တရက်ပြန်တော့မယ်ပြောလာတဲ့သူက မျက်နှာရွှင်ပြနေတယ် တစ်ခုခု ပျော်စရာရှိသည့်ပုံ။

" ပျော်စရာ တစ်ခုခု ရှိတာလား "

" ဘယ်လိုသိတာလဲ "

" မင်းရဲ့အပြုံးတွေမှာ အကုန်ရေးထားတာဘဲ မောင် ဖတ်တတ်ပါတယ် "

" အင်း... ယွန်း ..အာ  "

ပြန်ရသည့်အကြောင်းအရင်းက ထိုမိန်းကလေးကြောင့်ဖြစ်ရမယ်။

" ဘယ်လောက်ကြာမှာလဲ "

" .... . "

" ဒီတစ်ခါရော .... အရင်တစ်ခါကလို အကြာကြီးလား "

"...... "

ရှုအာ့ မှာတကယ်ပြောစရာမရှိဘူး။
သူနဲ့ပတ်သတ်ရင် မောင်က အရာအားလုံးကို ကြိုသိနေပြီး သူဘာအပြစ်လုပ်လုပ်ခွင့်လွှတ်နေတာ။

" သွားမှရမှာလား "

အေးအေးလူလူ ပြောနေတဲ့သူက ခံစားချက်တွေကိုမြိုသိပ်ထားသည့်နှယ်။

"အင်း ... "

" မောင့် ထက်အရေးကြီးလား "

"အဲ့လိုတော့ မဟုတ်ပေမယ့် "

ပြောစရာစကားမရှိတဲ့ သူက တကယ်သွားမည်ဟု ဆုံးဖြတ်ထားသည့်ပုံ။

" အဲ့တာဆို .... သွားတော့မလား"

" အတင်းနှင်နေတာဘဲလား "

" မဟုတ်ပါဘူး ဒီထက် ပိုအကြာကြီးရှိနေရင် မခွဲနိုင်တော့မှာစိုးလို့ "

"ဟားဟား ... သွားပြီ "

ထွက်သွားတဲ့သူက ဒီတစ်ခါလည်း အရင်
တစ်ခေါက် ကလို တစ်လ ကိုးသတင်းလား ဒါမှမဟုတ် တစ်ပတ် နှစ်ပတ်လား မဟုတ်ရင် တစ်ရက်နှစ်ရက်လား သူ့တိုက်ခန်းလေးကို ချစ်ရသူက ဘယ်ချိန်ပြန်လာမှာတဲ့လဲ ။

( ဘာလုပ်နေလဲမောင် )

အချစ်သူ့ဆီက ပြန်သွားပြီး နှစ်ပတ်မြောက်တဲ့ နေ့မှာ ပထမဆုံးအကြိမ်သူ့ဘက်က စာပို့လာသည်။

( မောင် ဘာမှမလုပ်ဘူး အိမ်မှာဘဲရှိတယ် )

( အဆင်ပြေရဲ့လား )

Love of a shadowWhere stories live. Discover now