{12}

285 51 2
                                    

" မောင် ကိုယ်ပြောတာကို နားထောင်ဦးလေ"

ကျောပေးသွားတဲ့ ဆော့မင်ကို သူက ပြန်ပြီးဆွဲ့လှည့်လိုက်သည်။

" ဟုတ်ပြီ ကိုယ်တောင်းပန်တယ် အစောက စိတ်တိုလို့ပြောမိတဲ့ စကားတွေအတွက် "

" .....  "

" စောစောက ဂျေးကို  toilet လိုက်ပို့တော့သူပြောတယ်မဟုတ်လား   "

" အင်း ယွန်းဂျီပြောသမျှဘာမှပြန်မပြောဖို့"

" အခုအခြေအနေက ကိုယ်တိူ့သုံးယောက်လုံးအတွက် အန္တရာယ်များနေတယ် မောင် "

" ဟမ် "

" လန့်မသွားနဲ့မောင်  အားလုံးထက် မင်းက ပိုပြီး အန္တရာယ်များနေတာ "

" ချစ်တာမျိုးတွေ ဘာတွေ ကိုနားမလည်သေးပေမယ့် မောင့်ကို ဆုံးရှုံးရမှာမျိုးကို မလိုလားဘူး ပြီးတော့အဆုံးရှုံးလည်းမခံနိုင်ဘူး "

" .....  "

" အမှန်တိုင်းပြောရမယ်ဆို ကိုယ့်ဖေဖေက မူးယစ်ဆေးဝါးဖြန့်ချီနေတယ်မောင်
အရင်ကတော့ မောင့်ကိုပြောရင် မောင် ကပုဒ်မတွေတပ်ပြီး တရားစွဲမှာကြောက်လို့ "

" ငါက အဲ့လို လုပ်မယ့် လူမျိုးလား "

" မဟုတ်ပေမယ့် ကိုယ်ယုံကြည်မှုမရှိခဲ့တာ "

" မင်းရော မင်းအဖေကိစ္စတွေမှာ ဝင်ပါနေတာလား "

" နည်းနည်းပါးပါး ကူရတယ်
မောင်သိလား ကိုယ့် company ကိုလိုက်လာတုန်းက တွေ့ခဲ့တဲ့အမျိုးသမီးကို "

" အင်း "

" သူက ယွန်းဂျီမေမေ ပြောရမယ်ဆို ဖေဖေ့ရဲ့ဇယားတွေထဲက တစ်ယောက် "

" အင်း "

" အဲ့တုန်းထဲက ပြောပြချင်ခဲ့တာ မောင့်ကို ကိုယ်တွေ့ရတုန်းကလေ တအားကိုထိတ်လန့်သွားခဲ့တာ "

" ငါ နဲ့ အတူတူ နေတာမှန်း သိသွားမှာစိုးလို့လား "

" မဟုတ်တာ သူ့သမီးကိုထောင်ထဲ ရောက်အောင်လုပ်တာ မောင်နဲ့ ဝန်းနူဆိုတာမှန်းသိရင် မောင်တို့နှစ်ယောက်လုံး လွတ်မယ်ထင်နေလား မိန်းမတစ်ယောက်ဖြစ်ပေမယ့်သွေးအေးတာက ဘယ်သူ့မှလိုက်လို့မမှီဘူး"

Love of a shadowWhere stories live. Discover now