{16}

162 28 6
                                    

ဒေါသထွက်လွန်းရင် မြင်မြင်သမျှ ပစ်ခွဲတတ်တဲ့သူအမျိုးအစားထဲမှာရှုအာက ထိပ်ဆုံးကပင်။
သတိလက်လွတ်ဖြစ်နေချိန် ရှုအာက ဆော့မင်ရဲ့ ပန်းအိုးလေးကို ပစ်ခွဲမိလိုက်သည်။
ငိုနေတဲ့ဆော့မင်ကြောင့် ရှုအာက ဒေါသပိုထွက်ကာ

" ဘာကိစ္စနဲ့ မင်းက မျက်ရည်ကျရတာလဲ အီဆော့မင် မင်းနဲ့မင်းကောင် စိုက်ထားတဲ့ပန်းအိုးမို့လို့ မျက်ရည်ကျတာလား "

"......"

" အဲ့ ဂင်မ်ချီယောလ် ဆိုတဲ့ကောင်နဲ့က မင်းရဲ့အခန်းထဲကို ခေါ်ရတဲ့အထိ ဆက်ဆံရေးဖြစ်နေပြီလား "

သူ့ကို စောင့်တွန်းလိုက်တဲ့ ဆော့မင်ကြောင့် ရှုအာက ဒေါသ
အလိပ်လိုက်ကို တတ်လာသည်။

" မင်းက မင်းကောင် အားကိုးနဲ့ ငါ့ကိုပြန်တွန်းနေတာလား "

သူတကယ်ကိုဆောက်တည်ရာမရပါ သူ့မှာတော့ အရာအားလုံးကို အရဲစွန့်ပြီးဒီကလေးအန္တရာယ်ကင်းဖို့ကို အများကြီးလူမသိသူမသိလုပ်လိုက်ရတာ သူကတော့ ရန်သူကို အနီးနားခေါ်ထားပြီး
ပေါင်းသင်းနေလိုက်တာများ။

" ယောလ် နဲ့ မောင်က ဘာမှမဟုတ်ဖူး"

ယောလ်ဟု နာမည်အဖျားဆွတ်ခေါ်လိုက်တာကြောင့် သူဒေါသဟာ ငယ်ထိပ်မှာ။
သူက ဂရုစိုက်မှုတွေ မပေးနိုင်တာကြောင့် တခြားသူတစ်ယေက်ကို ချစ်လို့သွားလေမလားဆိုတဲ့အတွေး  သူ့ကိုလောင်မြိုက်စေသည်။
ချစ်သွားမယ်ဆိုရင်လည်းဆော့မင်မမှားဖူးလို့သူဖြေတွေးပေးချင်ပေမယ့်တခြားသူရဲ့လက်ထဲအား ဒီကလေးကို ပေးမလွှတ်ချင်။

" မင်းဖောက်ပြန်နေတာဘဲ ဆော့မင် "

" ငါ့သိက္ခာကိုမစော်ကားနဲ့ဂျိုရှုအာ "

" မခေါ်စမ်နဲ့ငါ့ကို အဲ့လို "

" မင်းအခုလိုအရူးလိုသောင်းကျန်းနေတာကိုသည်းမခံနိုင်ဘူးမင်းပြန်ရင်ပြန်တော့  "

" မနှင်နဲ့ငါ့ကို ငါပြန်မှာ ငါမလာလည်းမင်းမှာလာမယ့်သူရှိနေပြီဘဲ "

သူ့စကားမှာဒေါသတအားထွက်သွားတဲ့
ဆော့မင်က သူ့အင်္ကျီစကိုဆောင့်ဆွဲကာထိုးဖို့ရွယ်လေသည်။
ရုတ်တရက်ဆန်တဲ့အပြုအမူကြောင့်ရှုအာက လန့်ကာ မျက်လုံးမှိတ်ထားမိသည်။
သူမျက်လုံးပြန်ဖွင့်ကြည့်တော့ သူ့ကိုထိုးမယ့်လက်တွေဟာ နံရံကိုပစ်ထိုးသည်။

Love of a shadowWhere stories live. Discover now