{5}

385 58 19
                                    

သူပြတင်းပေါက်ကနေတစ်ဆင့် မိုးရွာတာကိုထိုင်ကြည့်နေရင်း မျက်စိရှေ့ကိုရောက်လာတဲ့ ပန်းစည်းကြောင့် ဆက်ကနဲမော့ကြည့်လိုက်မိသည်။

" ဟိုနေ့ကအတွက် ချော့တာ "

" Aster တွေလား "

" အင်း... ဘာဖြစ်လို့ "

" ဟင့်အင်း "

ပန်းတွေရဲ့အကြောင်းကို သူကအသိဆုံးမဟုတ်လား။
Aster လက်ဆောင်ပေးခံရတဲ့သူကသိပ်သတိထားရမယ်မဟုတ်လား။
ဘာလို့ဆို Aster ကိုပေးတဲ့သူက ပေးခံရတဲ့သူကို
" မင်းသစ္စာရှိလား မရှိလားဆိုတာ ငါမသေချာဘူး "ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်တတ်လို့လေ။
တိုက်တိုက်ဆိုင်ဆိုင် အပြာရောင်ကြီး။

"မောင် "

"ဗျာ "

" တွေတွေကြီး ကြည့်ကြီးဘာလုပ်နေတာလဲ "

" ဘာမှမဟုတ်ပါဘူး ပန်းအကြောင်းတွေးမိသွားလို့ပါ "

" ပြောပြချင်လား "

" နားထောင်ချင်ရင်ပြောပြမယ် "

" ပြော "

" Aster တွေကရောင်စုံရှိတယ်
အဖြူရောင်လေးက  ထာဝရအချစ်တဲ့
ခရမ်းရောင်ကတော့ ဥာဏ်ပညာကြီးတာကို ကိုယ်စားပြုတယ်
အနီရောင်က ပျင်းပြတဲ့အချစ်ကို ကိုယ်စားပြုပြီး ပန်းရောင်ကတော့ နူးညံ့တဲ့အချစ်ကို ကိုယ်စားပြုတယ် "

" အင်း.. ကိုယ်ဝယ်လာတဲ့အရောင်ကရော"

" ရှုအာ ဝယ်လာတာ တရုတ်မျိုးစိတ်တွေ
အနီရောင်က အပြောင်းအလဲတွေကိုသဘောကျတယ်၊
အဖြူကကိုယ့်ကိုယုံပ့
ခရမ်းရောင်က မင်းအချစ်ထက်ကိုယ့်အချစ်ကပိုပါတယ်
အပြာရောင်ကတော့ မင်းကိုယုံ စိတ်တော့မချဘူးဆိုတဲ့အဓိပ္ပာယ် "

" ကိုယ် ဝယ်လာတာ ကွက်တိဖြစ်သွားတာပေါ့ "

" ..... "

" ပုံပြင်တွေ ဒဏ္ဍာရီတွေရော ရှိသေးလား"

"ရှိတာပေါ့ "

" ပြော "

" ဒီ Aster တွေက အချစ်နတ်ဘုရားမ တစ်ယောက်ကိုကိုယ်စားပြုတာ နာမည်တော့
မောင်လည်းမသိတော့ဘူး သူက ကြယ်တွေကို တအားချစ်တာ ညတိုင်းကြယ်လေးတွေနဲ့စကားပြောတယ် သူ့ဘဝရဲ့ ပျော်ရွှင်မှုက ကြယ်လေးတွေ သူ့ရဲ့နေ့စဥ်ဘဝကိုပြောပြတယ်သူက ကြယ်လေးတွေကိုမေးတယ် သူ့အနားမှာ အမြဲအတူရှိမှာလား
အဲ့အချိန်မှာ ကြယ်လေးတစ်ပွင့်က လင်းကနဲဖြစ်သွားတော့ သူ့အနားမှာရှိမယ်ဆိုတာကို ပြန်ဖြေတယ်လို့သူမက မှတ်ထင်သွားတာ
တစ်နေ့မှာ သူချစ်တဲ့ကြယ်လေးတွေကကောင်းကင်မှာရှိမနေခဲ့ဘူး အဲ့တော့ကြယ်လေးတွေဟာ သူ့အပေါ်ကိုသစ္စာမရှိပါဘူးဆိုပြီးငိုကြွေးတော့ သူမမျက်ရည်ကျတဲ့နေရာမှာ ကြယ်ပန်းလေးတွေက ပွင့်လာတာ အပြာရောင်လေးက အရင်ပွင့်တာ တဲ့
အဲ့တာကြောင့် Aster တွေ လက်ဆောင်ပေးခံရတဲ့ သူက သတိထားရတယ် ပေးတဲ့သူက လက်ခံတဲ့သူကို မင်းသစ္စာရှိလား မရှိလားဆိုတာ ငါသေချာမသိဘူးဆိုတဲ့ အဓိပ္ပာ
ယ်ကို သက်ရောက်စေတာမို့ "

Love of a shadowWhere stories live. Discover now