{8}

414 57 36
                                    

သူအိမ်ကိုဘယ်လိုရောက်လာမှန်းမသိရောက်တော့ရောက်လာသည်။
တစ်ကိုယ်လုံး မိုးတွေရွှဲနေပေမယ့် သူ့ရင်ထဲက ပူနေတဲ့ အပူ ကိုတော့ ငြိမ်းနိုင်မယ်မထင်။
သူက အဝတ်စားလည်း မလဲဘဲနဲ့ အိပ်ယာပေါ်ကို အိပ်ချလိုက်သည်။
သူခနလောက်တော့ အနားယူဖို့ လိုသည်။
မဟုတ်ရင် သူ လဲကျသွားလိမ့်မယ်။
ဘယ်လိုစိတ်မျိုးနဲ့များ ဒီနေ့လိုနေ့မျိုးကို သူက ဖျက်စီး ပစ်ရတာလဲ။
သူအရှက်တကွဲ အကျိုးနည်း ဖြစ်ရတာထက်
ရှုအာ က သူ့ကို ဒီလို လုပ်ရက်တယ်ဆိုတာက ရင်ကို အစိတ်စိတ် အမွှာမွှာ ကွဲစေသည်။

" မင်းမလို့ လုပ်ရက်ခဲ့တယ် ရှုအာ "

ပြေးထွက်သွားတဲ့ပုံရိပ်လေးက သူ့ကိုမော့ကြည့်ပြီး ပြုံးပြနေပါသေးသည်။
သူကခွင့်မလွှတ်နိုင်တဲ့အမှားမျိုးကို ထပ်လုပ်မိပြန်ပြီနဲ့တူပါရဲ့။
အားလုံးရဲ့ရှေ့မှာ သူ့စိတ်ကို တင်းခံထားပေမယ့် အခုချိန်မှာတော့ သူ ပြာယာခတ်နေသည်။ သူဘယ်လို တောင်းပန်စကားဆိုရမလဲ မောင့်မျက်နှာကို သူဘယ်လို ကြည့်ရမလဲ။
မောင်က သူ့ကို စိတ်နာသွားခဲ့ရင် ဘယ်လိုလုပ်မလဲ အမြဲခွင့်လွှတ်တတ်တဲ့ မောင်က ဒီတစ်ခေါက် ကိစ္စမှာ သူ့ကို လုံးဝ ခွှင့်မလွှတ်တော့ရင် သူဘယ်လိုရင်ဆိုင်ရမလဲ။
ဆုံးရှုံးခဲ့ရတာတွေ များတာတောင်မှ မောင့်ကိုပါ ဆုံးရှုံးရရင် သူကသေသွားမယ်ထင်တယ်။
သူစိတ်တွေ က ရုံးဆင်းလို့ အိမ်ပြန်ချိန်ကို အမြန်ရောက်ချင်နေပြီဖြစ်သည်။
သူရောက်စေချင်တဲ့ အချိန်ကိုရောက်လာတော့လည်း သူကြောက်နေရပြန်သည်။
သော့ပေါက်ကိုတောင်တည့်တည့် မထိုးနိုင်တော့တဲ့အဖြစ်။

" ကိုယ်တောင်းပန် ပါတယ် မောင်ရယ်
တစ်နာရီ စွန်းစွန်းလောက် အချိန်မှာ ဘာမှ ဖြစ်မနေ ပါနဲ့နော် "

~~~~~~~~~~~~~

သူအိပ်တစ်ဝက် နိုးတစ်ဝက်မှာ တံခါးဖွင့်သံကြားလိုက်တာရော နှာခေါင်းမှာ ရလိုက်တဲ့  သူ့ကိုယ်သင်းနံ့ ရောကြောင့် သူ့ ထထိုင် ကာ
အခန်းပေါက်ကို ကျောပေးလိုက် နောက်ကနေ ရှုအာက တင်းကြပ်စွာဖတ်လို့ထားသည်။

" ငါ့ကို လွှတ်လိုက် ဂျိုရှုအာ
ငါ့အသားတွေကို မထိ နဲ့ "

" ကိုယ်တောင်းပန်ပါတယ် မောင်ရယ်
ကိုယ်ကလေ တကယ်တော့ အဲ့လို မလုပ် ချင်ပါဘူး ကိုယ်... "

Love of a shadowWhere stories live. Discover now