{6}

326 52 13
                                    

ဆော့မင် ဆေးလိပ်သောက်တယ်ဆိုတာတကယ်ကိုရှားမှရှားပါတယ် တစ်လမှာ ရက်၃၀ရှိရင် တစ်ရက်လောက်တောင်မှ မသောက်တာ
ပါ။ အခုတော့ တစ်ခန အတွင်းမှာ ဆေးလိပ်ဘယ်နှလိပ်မှန်းမသိကုန်နေပြီ ဆေးလိပ်သောက်တာ မကြိုက်ပါဘူးလို့ပြောတဲ့သူလည်းသူနဲ့ကျောချင်းကပ်မှာရှိပါတယ်။
အခုသူတို့က ခုံတစ်လုံးစီနဲ့ကျောချင်းကပ်ထိုင်နေကြတာ သူက ပြတင်းပေါက်ဘက်ကိုမျက်နှာမူထားပြီး ရှုအာကတော့ အိမ်အတွင်းခန်းကိုမျက်နှာမူထားတယ်။
အခုတော့ ဆေးလိပ်သောက်တာကို မကြိုက်ဘူးလို့ပြောတဲ့သူက ဘာတစ်ခွန်းမှ မပြောပါဘူး။

" နာကျင်ရလား ရှုအာ "

" ပုံမှန်ပါဘဲ ဆော့မင် "

" မောင် မပြောချင်ပေမယ့် ပြောရတော့မယ်"

"ပြော "

" မောင်တို့ ဒီလောက်နဲ့ဘဲ ရပ်လိုက်ကြ ရအောင် "

"....."

" မောင်ပြောတာ ကြားလား ဒီအတိုင်းဆို မောင်တို့တွေ မဖြစ်နိုင်တော့ဘူး "

" ဒီအတိုင်း အေးအေးဆေးဆေးလေးနေရ
အောင်ပါ "

" ဒီပုံစံနဲ့ဆို မောင်တို့ အတူတူရှိဖို့ရော အဆင်ပြေဖို့ရောက မဖြစ်နိုင်တဲ့ ကိစ္စ"

"တော်ပြီ မောင် ဆက်မပြောနဲ့တော့ ငါနားချင်နေပြီ "

ပြောရင်းဆိုရင်းနဲ့ ရှုအာက အိပ်ယာပေါ်ကိုတတ်သွားသည်။
ဒီအတိုင်းဆို သူတို့တကယ်မဖြစ်နိုင်တော့ဘူး။သူ့ကိုမချစ်တဲ့သူအနားမှာ သူဘယ်လိုရှင်သန်ရမလဲ သူ့ကိုမယုံကြည်တဲ့သူနားမှာသူဘယ်လိုနေရမလဲ
သူစဥ်းစားနေတုန်း ရုတ်တရက် ဖုန်းဝင်လာသည်။

" ချီယောလ် ပြောလေ "

"ဟမ်... အခုလား "

" အေးအေး အစ်ကို အခုလာခဲ့မယ် "

သူထဖို့ပြင်တော့ ဘယ်တုန်းက မသိထလာတဲ့ ရှုအာက သူ့လက်ကို လှမ်းဆွဲထားသည်။

" မသွားရဘူး "

" ချီယောလ် ရေချိုးခန်းထဲမှာ lock ကျနေတာ သွားဖွင့်ပေးမှ အဆင်ပြေလိမ့်မယ် "

" ကိုယ်သွားလိုက်မယ် "

" ရပါတယ် "

" ကိုယ်တို့ အခုမှ သူ့ကြောင့်နဲ့ ရန်ဖြစ်ထားရတာလေ မောင်
ကိုယ့်ရဲ့ စိတ်ကို နားလည်မပေးနိုင်ဘူးလား"

Love of a shadowWhere stories live. Discover now