{15}

286 31 2
                                    

" မောင် နိုးနေလား "

သူကိုမြင်မှ အိပ်ချင်ယောင်ဆောင်လိုက်တဲ့ မောင့်ကိုသေချာပေါက်မြင်လိုက်တာမို့မေးရခြင်းပင်။

" အိပ်ပျော်မနေတာ ကိုယ်သိတယ်နော် "

စောင်ကိုဆွဲဖယ်လိုက်တာတောင် တုန့်ပြန်မှုမရှိတဲ့သူကို သူကစချင်လာသည်။

" ကောင်းပါပြီ စကားမပြောချင်လဲ ကိုယ်ပြန်တော့မယ် "

သူပြန်လှည့်ထွက်တော့ လက်ကိုလှမ်းဆွဲလာတာမလို့ သူက ပြုံးလိုက်သည်။

" ဘာလို့အခုမှလာတာလဲ "

" မောင့်ကို အခုလိုဖြစ်အောင်လုပ်တဲ့ သူကိုသတ်နေလို့ "

" ဟမ် "

" စတာပါကွာ တမင်ကားနဲ့လိုက်တိုက်တာကို သိတာမလို့ ကိုယ်အမှုဖွင့်နေတာ "

" မဟုတ်တာ အခုလည်း မောင် ဘာမှ မှ မဖြစ်တာကို "

" အရိုးအက်တာက ဘာမှ မဖြစ်တာလား "

" ရှုအာကလည်း "

" တောင်းပန်ပါတယ် ကိုယ်သာတွေ့ဖို့မခေါ်ရင် ဒီလိုဖြစ်ရမှာမဟုတ်ဘူး  "

" မဟုတ်တာ မောင်လည်း ဂရုမစိုက်ဘဲ လမ်းသွားမိလို့ဖြစ်ရတာပါ "

သူ့လက်လေးတွေကို ဆုပ်ကိုင်ထားတဲ့ ဆော့မင်လက်တွေက ပြန်ပြီးမဆုပ်ကိုင်ဖြစ်မှာ။
မဆုပ်ကိုင်ရက်တာလဲ ပါမည်။

" ဘာစားချင်လဲ မောင် "

" ဖက်ထုပ်ကြော် "

" ဟုတ်ပြီ ဆေးရုံဆင်းရင် အတူတူစားကြမယ် "

" ရှုအာက အလုပ်အားလို့လား "

" အခုတလောက အားပါတယ် "

" ဟုတ် "

ဆေးသွင်းထားရလို့ ဖောင်းနေတဲ့လက်လေးကိုသူကထိကြည့်တော့နာလို့ထင်သည် မျက်နှာလေးရှုံ့သွားသည်။ ဖြစ်နိုင်ရင်သူသိမ်းကြုံးဖတ်ထားချင်ပါသည်။
အများကြီးဝမ်းနည်းခဲ့ရမှာ ကြောက်စိတ်တွေနဲ့အများကြီးဖြတ်သန်းခဲ့ရမှာ တကယ်ကိုဖတ်ထားပေးချင်ပေမယ့် လက်တွေ့မှာတော့ မျက်နှာလေးကိုဘဲ တစ်စိမ့်စိမ့်ကြည့်နေမိသည်။

Love of a shadowWhere stories live. Discover now