{14}

251 44 4
                                    

" မင်ဂယူ အားလား အစ်ကိုနဲ့ ခနတွေ့ရအောင် "

" ဟုတ်အားတယ် "

" အစ်ကို အရေးကြီးတာလေး ​ပြောစရာရှိလို့ "

" ဟုတ်လာခဲ့မယ်နော် အစ်ကို "

" အစ်ကို လိပ်စာကို massage ပို့လိုက်မယ် "

သူ့ဆီက မင်ဂယူ ဖုန်းချသွားပြီးနောက်မှာတော့ ကွန်ဒိုကနေ သူ့အချစ်က ဘယ်သွားစရာရှိလို့လည်းမသိအောက်ကိုဆင်းလာသည်။ သူ့ကိုမြင်သွားမှာ ဆိုး၍ သူကကားမှန်ကို အမြန်တင်လိုက်ရသည်။အိမ်နေရင်းပေါ့ပေါ့ပါးပါးနဲ့ဘဲဆိုတော့ စျေးဆိုင်သွားမလို့များလား
မတွေ့ရတဲ့ ၄,၅ ရက်မှာ ပိန်သွားသလားတောင်ထင်ရသည်။ မျက်နှာလေးဟာလည်းမကြည်မလင်။ ပုံမှန်အခြေအနေမှာသာဆိုရင် သူက နောက်ကနေကျစ်နေအောင်ဖတ်ထားမိမှာအမှန်ပင်။ကြည့်နေရင်းသူက မျက်ရည်များပင်ဝဲလာရတာမလို့ ကားကိုကွေ့ကာ မင်ဂယူနဲ့ချိန်းထားတဲ့စီကိုထွက်ခဲ့သည်။

သူရောက်တော့ ကြိုရောက်နှင့်နေတဲ့ မင်ဂယူကြောင့်သူကအားနာရသည်။သူကချိန်းဆိုထားခဲ့ပေမယ့်နောက်ကျနေခဲ့တာမို့။

" Sorry ညီလေး အစ်ကို အလုပ်နည်းနည်းများနေလို့ "

" ရတယ် အစ်ကို ပြောလေ အရေးကြီးတယ်ဆိုတော့ "

" ဝန်းနူ ကိုင်တဲ့ အမှုလေ ယွန်းဂျီ ဆေးမှုသိတယ်မဟုတ်လား "

" သိတယ် အထဲရောက်သွားပြီမလား မ​ပြီးသေးဘူးလား "

" အမှုက ပြီးတယ် မပြီးတာက သူ့အမေ အမှုကိုင်တာ ဝန်းနူဆိုတာသိတယ် ဒါပေမယ့်နောက်ကွယ်က ကူညီတဲ့ အစ်ကို့ကောင်လေးကိုတော့မသိဘူး "

" နှစ်ယောက်လုံး အန္တရာယ်များနေတယ် မင်ဂယူ အဲ့မိန်းမက တအားကြောက်ဖို့ကောင်းတယ် "

" ဘယ်လိုလုပ်စေချင်လဲ အစ်ကိုက "

" ဝန်းနူ  တခြားကိုပြောင်းစေချင်တယ် တစ်နှစ်လောက် ခြေရာဖျောက်နေစေချင်တယ် "

" အစ်ကို လုပ်မှာမဟုတ်ဘူး ဆော့မင်ကိုရော ဘယ်လိုလုပ်မှာလဲ "

" သူက အစ်ကိုရှိပါတယ် ဒါပေမယ့် သူ့အတွက်လည်း အစ်ကိုကစိတ်ပူတာမို့ ညီလေးကသူ့ကို မကြာခနသွားကြည့်ပေးလို့ရလား ညီလေးလည်းဝန်းနူနဲ့တွေ့တာ ခနရှောင်သင့်တယ် အခုအစ်ကိုနဲ့တွေ့တာ သိရင်ညီလေးကိုလည်းသံသယဝင်မှာမလို့ "

Love of a shadowWhere stories live. Discover now