{7}

328 57 29
                                    

Daffodil တွေမှာ အဆိပ်အိတ်တွေရှိနေတာကို သူတကယ်မေ့နေတာ။ တခြားပန်းတွေနဲ့ အတူတူရောထိုးလို့ မရလောက်အောင်အဆိပ်တွေပြည့်နေခဲ့တာလေ။
သူအပြည့်အဝပျော်လို့ မရဘူးဆိုတာ သူမေ့သွားခဲ့သည်။
ရှုအာက သူ့အပေါ်ကို မယုံကြည်ခြင်းတွေက တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာခဲ့သည်။

"ကိုယ့်ကို မပြောဘဲ နဲ့ ဘယ်သွားတာလဲ မောင် "

"အမှိုက်သွားပစ်ရုံ ပါ "

" အမှိုက် အောက်ကို ဘဲ သွားပြရတာမလား "

" ဟုတ်တယ်တယ်လေ ရှုအာ"

"ကြာတယ်နော် "

" ဗိုက်ဆာနေပြီလား မောင် ဘာချက်ပေးရမလဲ "

" မစားတော့ဘူး ကိုယ်အလုပ်သွားတော့မှာ"

" အင်းဂရုစိုက်နော် "

" မောင့်ကို ကိုယ်တစ်ခါထဲ အလုပ်ကို ပို့ခဲ့မယ် ဘယ်သူနဲ့မှ သွားစရာမလိုဘူး "

" အင်း သွားမယ် "

ကားပေါ်ပါလာတဲ့ သူက မျက်လုံးကိုမှိတ်ပြီးတစ်လမ်းလုံးလိုက်လာသည်။
အလုပ်ကို လမ်းလျှောက်မသွားရတာက အဲ့လောက်တောင်မှ ဖြစ်စေတာလား။

" အလုပ်ကို သူနဲ့ အတူတူ မသွားရလို့လားမောင် "

ရှုအာ ပြောတာကို သူကြားပေမယ့် တမင်မကြားချင်ယောင်ဆောင်လိုက်သည်။
မလိုလားအပ်တဲ့ ပြဿနာတွေကို သူထပ်မဖြစ်ချင်ပါ။

" အဲ့လောက်တောင် ဖြစ်နေတယ်ဆို တိုက်ခန်းဆီ ပြန်လိုက်ပို့ပေးရမလားမောင်"

" မောင့် ကို နည်းနည်း လောက်ဖြစ်ဖြစ် ယုံပေးလို့ရမလား ရှုအာ "

ဘာစကားသံမှ မကြားရတော့ဘဲ သက်ပြင်းချသံသာ ကြားရသည်။

သူထင်တာ ရှုအာနဲ့ အတူတူ နေရင် အစစအရာရာ အဆင်ပြေမယ်ပေါ့လေ။
ဘယ်ဟုတ်မလဲ ရှုအာက သူ့ကို မျက်စိဒေါက်ထောက်ကြည့်နေပြီး ဘာလုပ်လုပ် သံသယ ဝင်နေတာ။
သူဒီရက်ပိုင်းတွေမှာ ဘယ်လိုမှ နေမပျော်ပါ။
သူ့စိတ်တွေရှုပ်ထွေးနေတာ  ပန်း​​လေးတွေကိုမြင်ရတာတောင်မှ သူ့စိတ်ကမပျော်နိုင်။

" ဆော့မင် ... ဆော့မင် "

"  ဟင် ... အင်း "

" ဆိုင်ကို ခန ပိတ်ထားခဲ့ ဂျီဟွန်း Graduation ရှိလို့ခန သွားရအောင်   "

Love of a shadowWhere stories live. Discover now