{10}

294 53 20
                                    

" မောင် "

" အင်း "

" ခနနေ အပြင်သွားစရာရှိတယ် "

" သွားစရာရှိတာသွားပါ ငါ့ကိုခွင့်တောင်းဖို့မလိုဘူး "

" အသိပေးတာပါ "

" ဘယ်တုန်းက ဒါမျိုးလုပ်လိို့လဲ ရှုအာ အားနာတာမျိုးဆိုရင်တော့မလုပ်နဲ့ "

" ဟာ..... ဆော့မင်ကလည်း မဟုတ်တာ "

"  ဘာပြောလို့လဲ အဲ့လိုဖြစ်နေမှာဆိုးလို့ပြောတာပါ "

" အခုက ..... "

ဒီအခြေအနေကြီးကိုရှုအာသိပ်စိတ်ပျက်ပါသည်။
ဘာလုပ်လုပ် ဘယ်သွားသွား သံသယများနေတဲ့ဆော့မင်ကို သူဘယ်လိုလုပ်ရမလဲ။
သူက မှားယွင်းခဲ့တာတွေရှိလို့ အပြစ်ရှိသလိုခံစားရတာမို့ နေပေးပေမယ့်လည်း
ဆော့မင်က ရောင့်တတ်လာသည်ဟု သူထင်မိသည်။
တကယ်ဆို ရှုအာက ဒီလိုလူစားမျိုးမှမဟုတ်တာ။

" မောင်  အခုကအခြေအနေတွေကလည်းအဆင်မပြေတော့ဘူး
စိတ်ခံစားချက်တွေလည်းမကောင်းတော့တာမို့ ကိုယ်နောက်နေ့က စပြီး ပြန်မလာဖြစ်တော့ဘူး "

" ငါ့ကိုချစ်လား "

" ......  "

အကြိမ်ပေါင်းများစွာမေးလည်း အကြိမ်ပေါင်းများစွာဖြေစရာမရှိတဲ့ရှုအာပါ။
ဟန်ဆောင်ပြီးတော့ကို ထုတ်မပြောနိုင်တဲ့အထိ။

" အဲ့တာအပြင် ဘာလုပ်တတ်သေးလဲ ရှုအာ
မင်းငါ့ဆီကို ပြန်မလာတာ အပြင် ဘာလုပ်တတ်သေးတာလဲ "

" ငါ့ကို ချုပ်ချယ်တာမျိုး ခနဲ့ပြောတာမျိုးတွေကိုငါမကြိုက်ဖူး "

" ငါမှ မင်းဆီက နေ စိတ်လုံခြုံရတယ်ဆိုတာမျိုးကိုမခံစားရတာ  "

" ..... "

" ငါကသာမင်းကိုချစ်နေရပြီး မင်းမှငါ့ကိုချစ်တာ "

" ငါရှင်းပြရတာမျိုးတွေ အပိုလုပ်ပြရတာမျိုးတွေ မကျွမ်းဘူး"

" မင်းက အပိုလည်းလုပ်ပြတာမဟုတ်ဘူး
ငါနားလည်အောင်ရှင်းလည်းမရှင်းပြဖူးလေ
ငါဖြစ်နေလို့ ငါဖြစ်နေလို့ဘဲ "

" အဲ့လို မဟုတ်ပါဘူး မောင်ရယ်
ငါက အဲ့လိုတွေ ကိုတကယ်သဘောမကျဘူး"

Love of a shadowWhere stories live. Discover now