{1}

1K 58 18
                                    

(ကျစ်)

ဆိုဖာပေါ်ကိုပစ်ထိုင်ချ လိုက်ပြီး တင်းကြပ်နေတဲ့ နက်ခ်တိုင်ကိုဖြေလျှော့လိုက်ပြီးနောက်မှာ ဆော့မင် ထံမှ အလိုကျမှုအသံများထွက်လာသည်။

" မောင် အဲ့တာ ကြောင့် မင်းတို့ အသိုင်းအဝိုင်းဘက်ကိုမသွားချင်တာ ရှုအာ "

စီးကရက်တစ်လိပ်အား ပါးစပ်တွင်တေ့ပြီးမတွေ့သေးတဲ့မီးခြစ်ကိုလိုက်စမ်းနေတဲ့
ဆော့မင် ဆီက ထွက်လာတဲ့ မကျေနပ်မှုတွေပါဘဲ။

​" ဟ ဟ "

ရှုအာ ကခပ်ဟဟရယ်တဲ့နောက်မှာတော့ ဆော့မင် ရဲ့မျက်စောင်းလှလှက ဒိုင်းကနဲကြလာသည်။
ပါးစပ်ထဲက စီးကရက်အား ရုတ်တရက်စွဲယူပြီး ချိုးပစ်လိုက်သည်။
ဒီစီးကရက်တွေ သောက်တာ မကြိုက်ပါဘူးလို့ပြောရဲ့သားနဲ့

ဘာလုပ်တာလဲဆိုတဲ့အကြည့်နဲ့ကြည့်လာတဲ့ဆော့မင် ကို မျက်လုံးနဲ့တစ်ချက်ဘဲပြန်ကြည့်လိုက်တော့ လက်ကိုလေပေါ်မြောက် ခေါင်းတဆက်ဆက် ငြိမ့်ကာ

" အချစ်မကြိုက်ရင် နောက်မလုပ်တော့ဘူး "

ထိုအခါမှာတော့ စီးကရက်မကြိုက်တဲ့ သူ ပိုင်ရှင်လေးဟာမျက်လုံးတွေ ပိတ်သွားအောင်ရယ်လေသည်။
ဒါကို အူယားတဲ့ ဆော့မင် က ခါးသိမ်သိမ်လေးကနေဆွဲယူပြီး ပါးလေးအား ညှစ်ပစ်လိုက်သည်။

" ဗိုက်ဆာတယ် "

ချစ်ရသူ ရဲ့စကားအဆုံးမှာ ကောင်ငယ်လေးက အေပရွန်အပြာလေးကို ဝတ်နှင့်ပြီးသားဖြစ်သည်။

"ပသျှူး ဘဲ လား ဒါမှမဟုတ် ထမင်းပေါင်းလား "

" ပသျှူးဘဲပေါ့ "

ဒါဟာ ဒီနေ့ တစ်နေ့တာအတွက် ချစ်ရသူလေးက သူ့ကိုစကားပြောခြင်းပင်ဖြစ်သည်။

ရှုအာပြောတဲ့ ပသျှူးကိုလုပ်ပေးရင်း သူ့ခေါင်းတွေကို အတွေးပေါင်းစုံဝင်လာသည်။
ရှုအာက သူ့ကိုမချစ်တာများလား မေးကြည့်ချင်ပေမယ့်
သို့သော်အပြင်လက်တွေ့မှာတော့ သူတို့နှစ်ယောက်ဟာတစ်လလုံးနေမှစကား၂ခွန်းတောင် မမှန်ချင်ဖြစ်သည်။

တွေးရင်းငေးရင်း ဆော့မင်က ကားပေါ်မှာတုန်းက ရှုအာ ပြောတဲ့စကားကြောင့် ရင်ဘတ်ထဲတင်းကြပ်လို့လာသည်။

Love of a shadowWhere stories live. Discover now