Part _02

127 11 0
                                        

(Unicoad)

ဤ၍........ဤမျှ (YiZhan)

Chapter - 02

" ကျန့်ကျန့် မနေ့က
မင်း အသစ်Upတဲ့ Ficလေ
အရမ်းမိုက်တယ်ကွ သိလား "

" ဟမ်....မင်းလိုFAကောင်ကလည်း
ဒီလို Ro ficတွေခံစားတတ်တာပဲလား "

ကျိုးချန် ရှောင်းကျန့်ရဲ့အပြောကြောင့်
နင်သွားရသည်။
ဒီဟာလေး
ဇာတ်ကောင်လေးတွေဖန်တီးတတ်သလောက်
အပြောကတကယ်ပင်မတတ်။
သူ့ဇာတ်လမ်းလေးတွေက
ဖတ်လို့ကောင်းပြီး
ရေးတဲ့သူကရုပ်ကလေးချောနေလို့သာ
မဟုတ်ရင်
ဒီရှောင်းကျန့်ဆိုတဲ့ကောင်ကို
သူငယ်ချင်းအဖြစ်မပေါင်းပေါင်။

" အာ.....နှုတ်သီးကြီးကကွာ!
ဆူထော်မနေစမ်းပါနဲ့
ငါ့လောက်လည်းလှတာမဟုတ်ဘဲနဲ့ ဟမ့်! "

" ရှောင်ရှောင်းကျန့်!! ဘဝင်ရူးကောင်!
နေတော့ မင်းficတွေကို
သေတောင်မဖတ်တော့ဘူး ချီးပဲ! "

" အာ.......ကျိုးချန်လေးကလည်း
ကျန့်ကျန့်က စ,တာကို
ငါ့ရဲ့အမာခံပရိတ်သတ်လေးကို
ပြောစရာလားလို့
စ,တာကို စ,တာကို "

ရှောင်းကျန့်က
စိတ်ကောက်နေရှာတဲ့
သူငယ်ချင်းဖြစ်သူကို
ချော့ရင်း အရှေ့ကစားပွဲပေါ်ကို
သူ့အိတ်ထဲကမုန့်တွေတစ်ခုချင်းထုတ်ချသည်။

ကျိုးချန်သိလိုက်ပါပြီ။
ဒီဟာလေး သူ့ကို မုန့်တွေနဲ့ဖျားယောင်းတော့မည်ပင်။
မစားဘူး သွား!
ကျိုးချန် ဒီရက်အတွင်းဝိတ်ချနေတယ်။ အဟမ်းးး။

" မင်းသိလား ကျိုးချန် "

" မသိဘူးကွာ "

" ရားးး! မင်း
ငါဘာမှမပြောရသေးဘူးလို့! "

" ကဲ ပြောပြော
အဲဒီအမူအရာတွေလုပ်ပြမနေနဲ့
ဘေးကကျောင်းသူတွေလန့်ကုန်လိမ့်မယ် "

" ဝမ်ကျိုးချန်! ဝမ်ကျိုးချန်!!
ငါကဒီလောက်ချစ်ဖို့ကောင်းတာကို "

ပြောရင်း ရှောင်းကျန့်က
ကျိုးချန်ရဲ့ကျောကိုအဆက်မပြတ်ထုသည်။
မနာအောင်ရိုက်ပြီး
စိတ်ကောက်ပြနေတဲ့ရှောင်းကျန့်ကို
ကျိုးချန်အသည်းယားနေမိသည်။
တကယ်ပါ
သူ့သူငယ်ချင်းလေးက
ဘယ်သူနဲ့လိုက်လျောညီထွေအောင်နေတတ်ပြီး
ချစ်မွေးပါတဲ့ကောင်လေးတစ်ယောက်ပင်။

Time (Ongoing) Where stories live. Discover now