Time
Chapter _ 10
" Leo ဘာလုပ်တာလဲ ငါ့ကိုလွှတ် "
Tilly
Leoရဲ့ဖုန်းဆက်ခေါ်မှုကြောင့်
ရောက်လာခြင်းဖြစ်သည်။
အရေးကြီးကိစ္စပြောမည်ထင်သော်လည်း
Leoက
ရောက်ရောက်ချင်း သူမကို
ဆွဲဖက်လိုက်တာကြောင့်ကြောင်သွားရသည်။သူတို့နှစ်ယောက်ကို
မျက်ရည်တွေဝေ့သီကာ
ခပ်ဆွေးဆွေးကြည့်နေတဲ့
ရှောင်းကျန့်ကိုမြင်မှ
သူမအသိစိတ်ပြန်ကပ်ကာ
Leoကိုတွန်းထုတ်လိုက်သည်။" Leo မင်း.....! "
" Tilly ငါ မင်းကိုချစ်တယ်
သိပ်ချစ်တယ်
ငါ မင်းကိုလက်ထပ်ပါရစေ
လက်ခံပေးပါနော်
ငါ့အချစ်ကိုလက်ခံပေးပါနော် "ပြောပြီး Leoက
သူမကိုအတင်းဖက်တွယ်လာပြန်သည်။
ကမူးရှူးတိုးလုပ်နေတဲ့
Leoကြောင့်
သူမဘယ်လိုတုန့်ပြန်ရမလဲတောင်ဖြစ်နေမိသည်။" Leo မင်းဘာဖြစ်နေတာလဲ "
" Tilly ငါ့ကိုပြန်ချစ်ပါ
ငါမင်းကိုချစ်တယ် Tilly "Leoရဲ့ရုတ်တရက်ဆန်စွာ
ပြုမူလာတဲ့အပြုအမူတွေနဲ့
ကျောက်ရုပ်လိုဖြစ်နေတဲ့
ရှောင်းကျန့်ရဲ့အမူအရာတွေကို
Tillyတကယ်နားမလည်တော့ပေ။" Tilly ရှောင်းကျန့်ကလေ
ရှောင်းကျန့်ကလေ ငါ့ကို ဟားးး! "" ကိုကို!! "
" အေး အဲမှာစောက်ရူးထ,နေလိုက် ရှောင်းကျန့်!
ငါ Tillyကိုချစ်တယ်လို့ပြောနေတာ
မင်းမကြားဘူးလား
မင်းမှာနားမပါဘူးလား ဟမ်! "" ကိုကို ..... အဟင့်! "
" ဘာတွေဖြစ်နေကြတာလဲ
Zoeyမင်းကရော.....!"" Tilly မင်းသိလား
ရှောင်းကျန့်ကငါ့ကိုချစ်တယ်တဲ့
အဲဒီစောက်ရူးကောင်ကငါ့ကိုချစ်နေတာတဲ့
သူရူးနေပြီ
ရှောင်းကျန့် မင်းအသိစိတ်ပြန်ကပ်စမ်း!
ငါချစ်တာက
Tillyတစ်ယောက်တည်းပဲ
ငါ Tillyကိုပဲချစ်တယ်
မင်းနားလည်လား? "

YOU ARE READING
Time (Ongoing)
Fanfic" တစ်စုံတစ်ဦးက ကိုယ့်ကိုပြန်ချစ်လာဖို့ အချိန် ဘယ်လောက်လိိုလဲသိလား? " " " ....... " " T_I_M_E " Author _ Myharr