Time
Chapter _ 11
ရှောင်းကျန့်ရဲ့တစ်ကိုယ်လုံး
နက်ဆွေးနေပြီး
သူခိုးလေးနဲ့တောင်တူနေသေးသည်။
ခပ်ဆိုးဆိုးအပြုံးလေးကို
နှုတ်ခမ်းထက်ပုံဖော်ထားတဲ့
ရှောင်းကျန့်ရဲ့ပုံစံက
လူယုတ်မာလေးတစ်ယောက်အသွင်။ရှောင်းကျန့်
မှန်ရိပ်ထဲက
သူ့ပုံစံကိုကြည့်ပြီးပြုံးလိုက်သည်။ငြင်းစမ်း ကိုကို။
ကိုကို ကျွန်တော့်ကိုဘယ်လောက်ငြင်းငြင်း
ကျွန်တော့်ကိုပဲချစ်ရမှာ။
ကိုကို့ကို ကျွန်တော်ပဲပိုင်ဆိုင်ရမှာ။နံရံမှာချိတ်ဆွဲထားတဲ့
နာရီကိုကြည့်လိုက်တော့
ည 10:00။
ရှောင်းကျန့်က
တိတ်ဆိတ်စွာနဲ့ပဲ
အခန်းထဲမှထွက်လာခဲ့လိုက်သည်။/////////////////////////
ရှောင်းကျန့်
ရိပေါ်ရဲ့အိမ်ထဲကိုရောက်တော့
တစ်အိမ်လုံးမှောင်မဲနေခဲ့သည်။
ဟုတ်ပါတယ်။
အခုက ရှောင်းကျန့်
ရိပေါ်ရဲ့အိမ်ထဲကိုခိုးဝင်လာခြင်းပါ။
ကိုကို့ကိုလိုချင်တဲ့စိတ်နဲ့သာ
သူ့မှာအားတင်းလာရတာ
အမှန်တော့ သူ
ရိပေါ်ကိုကြောက်မိသည်။သူခိုးလေးနဲ့တူတဲ့ရှောင်းကျန့်က
တစ်အိမ်လုံးမှာရှိတဲ့
ရိပေါ်ရဲ့အခန်းကို
ကုတ်ချောင်းကုတ်ချောင်းနဲ့ရှာရင်း
နောက်ဆုံးတော့တွေ့ပါပြီ။
သူ့ကိုကိုရဲ့အခန်းကို။ရှောင်းကျန့်ရဲ့နှာခေါင်းလေးက
ယုန်နှာခေါင်းလေးလို
ရှုံ့လိုက်မိသည်။
ရိပေါ်ရဲ့အခန်းတစ်ခုလုံး
အရက်နံ့တွေထုံမွှန်းနေပြီး
သူသည်ပင်မူးဝေလာရသည်။အပျော်လုံးစို့ပြီး
ဒီလောက်တောင်သောက်ထားရလား
ကိုကိုရယ်။
အတွေးနဲ့အတူ
ရှောင်းကျန့်နှုတ်ခမ်းလေးကို
စူထော်လိုက်ပြီး
သူ့ရဲ့ကြည်ကြည်တောက်တောက်
မျက်ဝန်းလေးတွေနဲ့
အမှောင်ထဲမှာ
ရိပေါ်ကိုအသဲအသန်ရှာတော့သည်။ဟော တွေ့ပါပြီ။
စောင်မခြုံ ဘာမခြုံနဲ့
ကုတင်ပေါ်မှာကားယားကြီးအိပ်ပျော်နေတဲ့
ကိုကို။စီးထားတဲ့ဖိနပ်တောင်
ချွတ်မထားတဲ့အပြင်
အပေါ်ထပ်အင်္ကျီသည်လည်း
ကြမ်းပြင်ပေါ်ကျလို့။
YOU ARE READING
Time (Ongoing)
Fanfiction" တစ်စုံတစ်ဦးက ကိုယ့်ကိုပြန်ချစ်လာဖို့ အချိန် ဘယ်လောက်လိိုလဲသိလား? " " " ....... " " T_I_M_E " Author _ Myharr