" Leo မင်းတကယ်ပဲ
ငါ့ကိုပြေစရာမရှိဘူးလား "စီးကရက်တစ်လိပ်ကို
ဟန်ပါပါရှိုက်ဖွာနေတဲ့
ရိပေါ်က
Tillyရဲ့အမေးစကားကိုတုန့်ပြန်မလာ။" လူတွေများ
နားလည်ဖို့ခက်ခဲလိုက်တာ
အဟင်းးး! မနေ့ကတော့
မင်းပဲ ငါ့ကိုချစ်တယ်ဆို Leo
ဒီနေ့ပဲ ရှောင်းကျန့်ကို
လက်ထပ်ဖို့လာတောင်းတယ်ဆိုတော့
မင်းငါ့ကိုဘယ်လိုသက်မှတ်နေလဲပြောစမ်း "" တောင်းပန်ပါတယ် "
" ငါမင်းကိုတောင်းပန်ခိုင်းနေတာမဟုတ်ဘူး
ဘာတွေဖြစ်နေလဲဆိုတာ
ရှင်းပြခိုင်းနေတာ
မင်းဘာတွေလုပ်နေတာလဲဆိုတာကို
သိချင်နေတာ Leoရဲ့ "" တောင်းပန်ပါတယ်
ငါတောင်းပန်နေတာမို့ မငိုပါနဲ့
မငိုပါနဲ့ Tillyရယ် "" Leo မင်းရက်စက်လိုက်တာ "
Tillyက
မငိုချင်တဲ့မျက်ရည်တွေကို
ညှစ်ထုတ်လိုက်ပြီး
ရိပေါ်ကသူမကိုဖက်တွယ်လာသည်မို့
အလိုက်သင့်
ရိပေါ်ရဲ့ရင်ခွင်ထဲသို့တိုးဝင်လိုက်သည်။မင်းရဲ့စနက်တွေမလား Zoey။
ဒီတစ်ခါလည်း ငါမင်းကိုရှုံးပြန်ပြီလား။
ဟင့်အင်း။
ဒီတစ်ခါတော့
ငါ မင်းကိုအရှုံးမပေးတော့ဘူး။
မစားရတဲ့ အမဲ
သဲနဲ့ပတ်တယ်ပဲဆိုဆို
ငါရှုံးရသလို
မင်းလည်းမနိုင်စေရဘူး။
မင်းမပျော်ရွှင်စေရဘူး။
ငါ့ဘက်ကစပြီး မင်းကိုစိန်ခေါ်လိုက်ပြီ။
မင်းခံနိုင်ရည်ရှိဖို့သာပြင်ထား။
အမြဲတမ်း ငါ့ထက်သာနေတဲ့ မင်း
ဒီနေ့ကစပြီး
စိတ်ဆင်းရဲနေစေရမယ်။
ငါ့ပျော်ရွှင်မှုတွေကိုအမြဲတမ်းလုယူနေတဲ့
မင်းကို
ငါအရမ်းမုန်းတယ် ရှောင်းကျန့်။" Leo မင်း ကျန့်ကျန့်နဲ့ဘယ်လိုပဲယူလိုက်ပါစေ
ငါ့ကိုပစ်မထားပါနဲ့နော်
အရင်လိုပဲ
ငါ့ကိုဂရုစိုက်ပေးပါ
ငါ့ကိုပစ်မသွားပါနဲ့
ငါ့မှာ မင်းပဲရှိတာမလို့ပါ "" ငါရှောင်းကျန့်ကိုမချစ်ဘူး
အခုအခြေအနေကလည်း
အကြောင်းရှိတယ်ဆိုတာ
သေချာပေါက်မင်းသိထားပေး Tilly
မင်းစိတ်ချပါ
မင်းကိုပစ်မထားပါဘူး
ငါတကယ်ချစ်တာကမင်းမလို့
ငါမင်းကိုပဲချစ်တာမလို့"
YOU ARE READING
Time (Ongoing)
Fanfiction" တစ်စုံတစ်ဦးက ကိုယ့်ကိုပြန်ချစ်လာဖို့ အချိန် ဘယ်လောက်လိိုလဲသိလား? " " " ....... " " T_I_M_E " Author _ Myharr