Part _ 05

93 13 2
                                    

ဤ၍......ဤမျှ...........! (YiZhan)

           Chapter - 05

" ရှောင်းကျန့်ဆိုတာ မင်းလား? "

" ဗျာ!
အာ.....ဟုတ် ဟုတ်ပါတယ် "

ရှောင်းကျန့် ချုံချင့်ကိုရောက်,ရောက်ချင်း
အိမ်ကိုဖုန်းဆက်ကာ
သူ့ကိုလာခေါ်ဖို့အပူကပ်လိုက်သည်။
အငှားကားဖြင့်ပြန်လို့ရပေမယ့်
သူမပြန်ချင်။
ရောက်တုန်းရောက်ခိုက်
သူ ယုန်ဆိုးလေးလုပ်ချင်၍ဖြစ်သည်။

ရှောင်းကျန့်လည်း
ဖုန်းဆော့ရင်းအိမ်ကလာကြိုမယ့်ကားကို
စောင့်နေလိုက်သည်။

'ရှောင်းကျန့်ဆိုတာ မင်းလား' ဆိုသော
သြရှရှအသံနဲ့အတူ
ခြေအစုံက
သူ့အရှေ့ကိုလာရပ်တာကြောင့်
မော့ကြည့်လိုက်သည်။
စူးရှတဲ့နေရောင်က
သူ့မျက်နှာနုနုကိုလာထိုးတာကြောင့်
သူ့ရဲ့လက်ချောင်းသွယ်တွေနဲ့
ကာထားရသည်။

အနည်းငယ်ညိုသောအသားအရည်နဲ့
လိုက်ဖက်စွာ
မျက်နှာမှာတည်တင်းနေပြီး
မေးရိုးများသည်လည်း
ထင်ရှားလေသည်။
ထူထဲသောမျက်ခုံးတန်းများက
အလိုမကျဟန်တွန့်ချိုးနေကာ
မျက်လုံးများကစူးရဲသည်။

6ပေကျော်အရပ်ကြီးနဲ့
ခန့်ညားစွာ
တစ်ကိုယ်လုံးကို
အနက်ရောင်များသာဆင်ယင်ထားပြီး
ခါးကိုထောက်ထားသည့်လက်နှစ်ဖက်တွင်လည်း
အကြောများကထောင်ထနေသည်။
ထိုလူရဲ့ပုံစံကအားလုံးကို
ခြုံကြည့်ရလျှင်
ficထဲမှာဆိုပါက
Seme Typeဖြစ်ကြောင်း
Authorတစ်ယောက်ပီသစွာ
မဆီမဆိုင်
ရှောင်းကျန့်ကောက်ချက်ချမိသည်။

" ထ "

" ဗျာ! "

စကားပြောလိုက်တိုင်း
လှုပ်ခတ်သွားသော
ထိုလူ၏လည်စိအကြီးကြီးကြောင့်
ရှောင်းကျန့်သည်ပင်
ယောင်ရမ်းကာ
သူ့လည်ပင်းလေးကို
ပြန်ကိုင်လိုက်မိသည်။

" ငါက ဝမ်ရိပေါ်
မင်းကိုလာကြိုတဲ့လူ "

" ဗျာ! "

မအူမလည်နဲ့
တစ်ဗျာဗျာလုပ်နေတဲ့
အရှေ့ကဟာလေးကို
ရိပေါ်ဆွဲဆောင့်ပစ်ချင်လာသည်။
သူ စကားတစ်ခွန်းပြောလိုက်တိုင်း
ဗျာ သာလုပ်နေပြီး
မျက်ဝန်းများသည်လည်း
ဝိုင်းဆက်ကာ
လူကိုအကြည့်မလွှဲ။

Time (Ongoing) Where stories live. Discover now