" Hello ကျန့်ကျန့်
ညစာစားပြီးပြီလား ဘာလုပ်နေလဲ "
" စားပြီးပြီ အခုပဲ
မင်းကရော "
" ငါမစားရသေးဘူး "
" ဟင်.....နောက်ကျနေပြီကို
အိပ်ခါနီးမှကပ်မစားနဲ့ စားတော့ "
" အင်း ခနနေစားလိုက်မယ်
မင်းဘာလုပ်နေလဲမဖြေရသေးဘူး "
" မင်းနဲ့ဖုန်းပြောနေတာလေလို့
ဘာမှမလုပ်ပါဘူးဆို! "
" အင်းအင်း ညနက်တဲ့ထိမသုံးနဲ့ "
" အင်းပါ
ဒါနဲ့ ကျိုးချန်
မင်းအစ်ကိုနဲ့အဆင်ပြေအောင်နေနော် "
" ငါပြန်လာလို့ထင်တယ်
အိမ်မှာမရှိဘူး
မားပဲရှိတယ် "
" အော် အဲဒါလည်းကောင်းတာပဲ "
ရှောင်းကျန့်ရဲ့စကားအဆုံး
ကျိုးချန်ဘက်ကသိသိသာသာတိတ်ဆိတ်သွားတာကို
ရှောင်းကျန့်သတိထားမိသည်။
နှစ်ယောက်လုံးအတန်ကြာ
တိတ်ဆိတ်နေရင်းမှ.........!
" မနက်ဖြန်ငါသွားစရာရှိသေးတယ် ကျိုးချန် "
" မင်းရဲ့ကိုကိုဆိုတဲ့လူကို
ရှာမလို့မဟုတ်လား "
" ဟင်..ဟင် "
သူ့ရဲ့အကြောင်းတော်တော်များများကို
ကျိုးချန်ကသိသော်ငြား
အခုကိစ္စထိသိနေတာကိုတော့
ရှောင်းကျန့်နဲနဲအံ့သြမိသည်။
ရုတ်တရက်
ရှောင်းကျန့်ရဲ့မျက်နှာလေးက
ခရမ်းချဉ်သီးလေးလို
နီရဲသွားကာ........!
" ကျိုးချန် မင်း "
" နီတာရဲလေးလိုရှက်မနေနဲ့ ရှောင်းကျန့်
မင်းရဲ့ဒိုင်ယာရီစာအုပ်ကြောင့်
ငါအကုန်သိပြီးပြီ
မင်းရဲ့ကိုကိုဆိုတဲ့တစ်ယောက်ကို
မင်းချစ်နေတယ်ဆိုတာကိုရော ဟဟ! "
ရှောင်းကျန့်
မျက်နှာတွေပူလွန်းလို့
ရေချိုးခန်းထဲခနခနဝင်ပြီး
မျက်နှာသစ်နေမိတာ
အကြိမ်ပေါင်းမနည်းတော့။
ကျိုးချန်က သူ့ဒိုင်ယာရီကိုမြင်ပြီးသွားပြီ။
သူ့ကို မရှက်,ရှက်အောင်အမျိုးမျိုးစ,နောက်တော့မည်။
' အားးးးး.....အရူးကောင်
အရူးကောင်ကျိုးချန်"
" Leo ငါညစ်လာတယ်
မင်းမှာရှိရင် ငါ့ပေး "
YOU ARE READING
Time (Ongoing)
Fanfiction" တစ်စုံတစ်ဦးက ကိုယ့်ကိုပြန်ချစ်လာဖို့ အချိန် ဘယ်လောက်လိိုလဲသိလား? " " " ....... " " T_I_M_E " Author _ Myharr
