" Leo ဘာဖြစ်လို့လဲ "
Tillyက
ဆေးလိပ်ငွေ့အချို့ကို
လေထုထဲမှုတ်ထုတ်ရင်း
သူမဘေးက
မျက်နှာမကောင်းစွာထိုင်နေတဲ့
ရိပေါ်ကိုမေးခွန်းထုတ်သည်။
ခေါင်းကိုလေးပင်စွာခါယမ်းပြတဲ့
ရိပေါ်ကြောင့်
သူမမျက်ခုံးတွေကိုတွန့်ချိုးပစ်လိုက်သည်။
ဒီကောင့်အချိုးကဘာလား။
သူ့ကိုတောင်
စကားပြန်မပြောချင်တဲ့အထိဘာတဲ့လဲ။" ငါပြန်မယ် "
" Tilly "
ရိပေါ်
သူ့ဘေးမှဒေါသတကြီးထ,ရပ်တဲ့
Tillyကြောင့်ပြာယာခတ်သွားရကာ
သူမလက်ကိုဆွဲလိုက်မိသည်။
ထိုအခါမှ
Tliiyကပြန်ထိုင်ကာ
သူ့ကိုမကြည်သလိုမျက်စောင်းထိုးဖြင့်ကြည့်သည်။" ဘာရီတာလဲ "
" မဟုတ်ပါဘူး
ဒေါသကြီးတဲ့ကောင်မလေးကြောင့်
ဒီတိုင်းပြုံးမိသွားရုံပါ "" မျက်နှာချိုးကိုကအမျိုးမျိုးနဲ့
ပြော ခုနဘာအရူးထတာလဲ "ရိပေါ် သူမမျက်နှာကို
စိုက်ကြည့်နေရင်းမှ
သက်ပြင်းချလိုက်ပြီး.....!" ငါ့ညီကျိုးချန် အိမ်ပြန်လာမယ်တဲ့ "
" အဟင်းးးး!
ငါ့ကိုကြည့်မရဘူးဆိုတဲ့ကောင်လေးမလား "ရိပေါ်ခေါင်းညိတ်ပြလိုက်သည်။
နောက်ထပ်သူမဘက်ကပြောလာမည့်
စကားကိုနားစွင့်ရင်း" အဲတော့
မင်းနဲ့မင်းအမေ လော့ရန်ကိုပြန်မယ်ပေါ့ "" မားပဲ ငါမပြန်ဘူး "
" လုပ်မနေစမ်းနဲ့ Leoရာ
မင်းညီက
ငါ့ကိုအပြင်မှာမမြင်ဖူးဘဲနဲ့တောင်
ဒီလောက်မျက်မုန်းကျိုးနေတာ
မင်း သူ့အပြန်ကိုမကြိုတာ
ငါ့ကြောင့်လို့ထင်ပြီး
လာသတ်နေပါအုံးမယ်ကွာ! ဟဟ! "Tillyရဲ့စကားကြောင့်
ရိပေါ်ခပ်ရေးရေးလေးပြုံးမိသည်။
ဘယ်သူသိမှာလဲ?
သူ လော့ရန်ကိုမပြန်ချင်တာလည်း
သူ့ညီနဲ့မျက်နှာချင်းမဆိုင်ချင်တာထက်
ဒီလူဆိုးမလေးကိုမခွဲနိုင်လို့ဆိုတာကို။
ရိပေါ် ကိုယ့်အတွေးနဲ့ကိုယ်
ထပ်မံပြုံးလိုက်မိပြန်သည်။ဒီကမ္ဘာမှာ
သူ့ကိုပြုံးအောင်လုပ်နိုင်သူ
Tillyမှလွဲ၍အခြားသူမရှိ။

YOU ARE READING
Time (Ongoing)
Fanfiction" တစ်စုံတစ်ဦးက ကိုယ့်ကိုပြန်ချစ်လာဖို့ အချိန် ဘယ်လောက်လိိုလဲသိလား? " " " ....... " " T_I_M_E " Author _ Myharr