Time
Chapter _ 09
" Leoနဲ့အနေအထိုင်ဆင်ခြင် Zoey "
ရှောင်းကျန့်
အိမ်ထဲကိုဝင်ဝင်ချင်းကြားရတဲ့စကား။
ကိုကို့ကြောင့်ငိုချင်နေပါတယ်ဆိုမှ
Tillyကြောင့်
ရှောင်းကျန့်စိတ်ပါရှုပ်သွားရသည်။" သားကဘာလုပ်နေလို့လဲ "
" အခု မင်းLeoအိမ်ကပြန်လာတာမလား
Leoကိုသွားမရှုပ်နဲ့
ကိုယ့်ဘာကိုယ်
ယောက်ျားတစ်ယောက်ဆိုတာလည်းသိထားအုံး "" Tillyနဲ့ဘာဆိုင်လို့လဲ
မဟုတ်မှ Tilly ဝမ်ရိပေါ်ကိုကြိုက်နေတာလား "" ငါကဘာစောက်ကြောင်းရှိလို့ကြိုက်ရမှာလဲ "
" မကြိုက်လည်းပြီးတာပဲ
ဘာလို့ဆို သားကဝမ်ရိပေါ်ကိုရအောင်ယူမှာမို့ "" ဘာ!!! မင်း
Zoeyမင်းဘာပြောလိုက်တာ "" ကျွန်တော်ဝမ်ရိပေါ်ကိုသဘောကျတယ်
ရှောင်းကျန့် ကိုကို့ကိုချစ်တယ်လို့ "ပြောပြီး
ရှောင်းကျန့်အိမ်ပေါ်သာတက်လာခဲ့သည်။
Tillyဘယ်လိုဘယ်ပုံကျန်ခဲ့မလဲ
ရှောင်းကျန့်မသိချင်။
လောလောဆယ်ငိုချင်တာပဲသိသည်။
သူ့ရင်ဘတ်တစ်ခုလုံးစူးအောင့်နာကျင်နေပြီး
အချစ်ရဲ့ပူလောင်ခြင်းဝေဒနာကို
စတင်ခံစားနေရပြီ။
ရှောင်းကျန့်လည်း
ထွေထွေထူးထူးစဥ်းစားမနေတော့ဘဲ
အိပ်စက်လိုက်တော့သည်။
ရှောင်းကျန့် ခုနက
သူပြောလိုက်သောစကားများကို
Tillyအပြင်
တစ်ခြားတစ်ယောက်ကပါ
ကြားသွားသည်ကိုသိခဲ့လျှင်
အခုလိုမျိုးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ပါ့မလား။//////////////////////////
" မာမားရဲ့ယုန်လေး နိုးပြီလား "
" ဟုတ် အင်းး....မာမား "
" ရှင့် "
ရှောင်းကျန့်က
ဟင်းချက်နေတဲ့ရှောင်းမားရဲ့ရင်ခွင်ထဲကိုဝင်ပြီး
ချွဲချွဲနွဲ့နွဲ့ခေါ်လိုက်သည်။
သူ အခုလိုမျိုး
မာမားကိုမချွဲရတာကြာပြီ။
အမြဲတမ်း ကျောင်းစာတွေနဲဲ့ပဲ
လုံးပန်းနေရသည်မို့
သူ အိမ်ကိုလည်းပြန်မလာဖြစ်။ခုနှစ် မွေးရပ်မြေကိုပြန်လာတာ
သူ့အတွက်ကံကောင်းတယ်လို့ပြောရမည်။
သူပြန်လာလို့
ရှောင်းမားကပျော်နေသည့်အပြင်
သူရှာနေတဲ့ကိုကို့ကိုလည်းရှာတွေ့ခဲ့သည်။

YOU ARE READING
Time (Ongoing)
Fanfiction" တစ်စုံတစ်ဦးက ကိုယ့်ကိုပြန်ချစ်လာဖို့ အချိန် ဘယ်လောက်လိိုလဲသိလား? " " " ....... " " T_I_M_E " Author _ Myharr