Time
Chapter _ 08
" ကျိုးချန်....ကျိုးချန်
ကျေးဇူးပြုပြီးဖုန်းကိုင်ပါ "ရှောင်းကျန့်က
စိတ်လှုပ်ရှားစွာဖြင့်
ကျိုးချန်ရဲ့ဖုန်းကိုဆက်တိုက်ဆိုသလိုခေါ်သည်။
ဖွဆျေိုခွငျးမရှိတဲ့
ဖုန်းလေးကတော့
တစ်တီတီမြည်ဆဲသာ။ရှောင်းကျန့်
မနေနိုင်မထိုင်နိုင်
ဖင်တကြွကြွဖြစ်နေမိသည်။
သူ ပျော်နေသည်။
သူအဆမတန်ပျော်နေတဲ့အကြောင်း
လော့ရန်မှာရှိတဲ့
ကျိုးချန်ဆီကိုလိုက်သွားပြီး
ပြောသင့်လား။သူ ကိုကို့ကိုရှာတွေ့ပြီ။
သူနှစ်အကြာကြီးရှာနေတဲ့
ကိုကို့ကို
ရှာတွေ့ခဲ့ပြီ။
နှစ်အကြာကြီး
တိတ်တခိုးချစ်နေတဲ့
သူ့ကိုကိုကို
တွေ့နေရပြီ။ကိုကို။
ဝမ်ရိပေါ်က ကိုကိုတဲ့။
သူ ရူးမတက်ချစ်နေတဲ့ကိုကိုက
သူအခက်အခဲဖြစ်တိုင်း
ရောက်,ရောက်လာတတ်တဲ့
ဝမ်ရိပေါ်တဲ့။အပျော်လွန်ပြီး
ရှောင်းကျန့်ရဲ့မျက်ဝန်းလေးတွေ
စိုစွတ်လာသည်။
တုန်ယင်နေတဲ့
နှုတ်ခမ်းပါးလေးကိုက်ကာ
တစ်ဆက်တည်း
ဝမ်းနည်းမိပြန်သည်။ကိုကို့ရဲ့အကြည့်တွေက
မမအပေါ်မရိုးသားဘူး။
သူချစ်နေတဲ့ကိုကိုက
မမကိုကြည့်တိုင်း
အကြင်နာတွေယိုဖိတ်နေတတ်သည်။
မျက်နိုးမှုအပြည့်နဲ့မျက်ဝန်းတွေ။
နူးညံ့တဲ့စကားအပြောအဆိုတွေ။
မထိရက်မကိုင်ရက်သလို
အပြုအမူတွေ။ကိုကိုက မမကိုချစ်နေသည်လား။
ဟင့်အင်း....မဖြစ်ရဘူး။
ကိုကို.......မမကိုမချစ်ရဘူး။
ကိုကိုက သူ့ကိုပဲချစ်ရမည်။
သူက ကိုကို့အတွက်
ကျောက်ကပ်တစ်ခြမ်းကိုတောင်
ပေးထားသေးတာပဲ။
သူ ဒီလောက်တော့
အတ္တကြီးသင့်တယ်မလား။
ပြီးတော့ ကိုကိုကလည်း
သူ့ကိုပိုင်ဆိုင်ချင်သည် ၊
သိမ်းထားချင်သည်
ဆိုပြီးပြောဖူးတယ်လေ။
ကိုကိုက
သူ့ကိုချစ်မှာပါ။
သူ ဘယ်သူလဲဆိုတာသိရင်
သေချာပေါက်သူ့ကိုချစ်မှာပါ။' တီ တီ '
" ဟယ်လို ကျိုးချန်
ငါလေ....ငါလေ အီးးးးး!! "

YOU ARE READING
Time (Ongoing)
Fanfiction" တစ်စုံတစ်ဦးက ကိုယ့်ကိုပြန်ချစ်လာဖို့ အချိန် ဘယ်လောက်လိိုလဲသိလား? " " " ....... " " T_I_M_E " Author _ Myharr