" ကျန်းချန် မကောင်းတဲ့ကောင်! "
" မင်းကို Author Zoeyဆိုပြီးသိသွားတဲ့အချိန်က
သူတို့အရမ်းအံ့သြသွားကြတာကွ သိလား
မင်းကိုချက်ခြင်းသွားမိတ်ဆက်မယ်ဆိုပြီး
တကဲကဲလုပ်နေလို့
ငါ့မှာမနဲဆွဲထားရတာ အဟားးး!
ကျန့်ကျန့် မင်းကို ခုနက
သူတို့အသည်းယားနေကြတာမြင်တယ်မဟုတ်လား "" မြင်တယ် မြင်တယ်
တစ်ခုပဲ ငါလန့်သွားတာ
ယောက်ျားလေးတွေကဒီလိုficတွေရေးတာရှားတယ်လေ
အခုလိုသူတို့လက်ခံနိုင်မယ်မထင်ဘူး "" မင်း Authorသက်တမ်းငါးနှစ်ပြည့်တဲ့
ဒီနေ့ကိုသူတို့လုံးဝမျှော်လင့်ထားကြတာ
ခနခနလူစုပြီး
မင်းအတွက် ဟိုဟာလုပ်ပေးမယ်
ဒီဟာလုပ်ပေးမယ်နဲ့တိုင်ပင်ရတာအမော "ကျိုးချန်ကအဆက်မပြတ်ပြောရင်း
ခပ်ဟဟရယ်သည်။
သူ ဒီဟာလေးကို
အခုလိုအချစ်ခံစေချင်ကြာပြီ။' ငါ့ရဲ့အရေးအသားတွေနဲ့
သူတို့အာရုံကိုညှို့ယူနိုင်ရင်တော်ပြီ
ငါကိုယ်တိုင်လူလုံးထွက်ပြဖို့ကလိုမှမလိုတာ '
ဆိုပြီး ပြောခဲ့တဲ့ဒီဟာလေးက
5နှစ်ကြီးများတောင်လျှို့ဝှက်နေထိုင်ခဲ့သည်။
သူသာ အခုလိုမဖော်ထုတ်ခဲ့ရင်
ဒင်းကဘယ်အချိန်ထိ
လူကြောက်လေးလုပ်နေမည်မသိ။သူ့ရဲ့readerလေးတွေပေးတဲ့
ကိတ်နီလေးကို
ယုန်လေးတစ်ကောင်လိုတစ်မြုံ့မြုံ့ဝါးစားနေတဲ့
ရှောင်းကျန့်ကို
ကျိုးချန်ကပြုံးကြည့်နေရင်းမှ.......!" ငါ့ကိုကျွေးရင်ငရဲမရဘူးနော် ကျန့်ကျန့် "
" မကျွေးဘူး ငါ့ဟာ...သွား! "
" ဟာ...ရှောင်းကျန့်!! "
" ငါမင်းကိုစိတ်ကောက်နေသေးတယ်နော် ဟွန့်! "
ပြောပြီး
ရှောင်းကျန့်က
သူ့အတွက်ပေးတဲ့မုန့်တွေကို
အကုန်သိမ်းယူကာ
ကျိုးချန်ဘေးနားကထွက်ပြေးလာခဲ့သည်။" Zoey ......... ဘဝငယ်
အင်းးးးနာမည်ကတစ်မျိုးလေးပဲ "ရိပေါ် Weiboသုံးနေရင်း
အပေါ်အောက်ဆွဲရင်းမှ
ပေါ်လာတဲ့ acc nameလေးကိုကြည့်ပြီး
ဘာရယ်မဟုတ်
ထိုaccထဲကိုဝင်ကြည့်လိုက်မိသည်။

YOU ARE READING
Time (Ongoing)
Fanfic" တစ်စုံတစ်ဦးက ကိုယ့်ကိုပြန်ချစ်လာဖို့ အချိန် ဘယ်လောက်လိိုလဲသိလား? " " " ....... " " T_I_M_E " Author _ Myharr