Part _ 07

69 8 0
                                    

Time

Chapter _ 07

ရိပေါ် ဆိုင်ကယ်ကို
လမ်းဘေးတစ်နေရာမှာချရပ်ကာ
ထိုဆိုင်ကယ်ကိုမှီရပ်ရင်း
မျက်စောင်းထိုးသစ်ပင်ပေါ်မှ
ကောင်လေးကိုကြည့်နေတာကြာပြီ။
တက်သွားတုန်းက
သူမဟုတ်တဲ့အတိုင်း
ပြန်မဆင်းတတ်တော့ဘူးထင်သည်။
သစ်ပင်အကိုင်းကြီးများကို
လက်နှစ်ဖက်ဖြင့်
အားပါးတရဆုတ်ကိုင်ထားပြီး
နှာခေါင်းလေးကလည်းတစ်ရှုံ့ရှုံ့နဲ့ရယ်။
မျက်နှာတစ်ပြင်လုံးလည်း
နီရဲနေပြီး
ဒီကလေးအော်ငိုနေတာဖြစ်သည်။

ရိပေါ်မကူညီရင်
မိုးချုပ်တော့မည်ဖြစ်တာကြောင့်
ထိုသစ်ပင်ကြီးဆီသို့
လျှောက်လာခဲ့လိုက်သည်။

" ရှောင်းကျန့် "

" ဟင်.....အီးးးး ကယ်ပါအုံး
ကျွန်တော့်ကိုကယ်ပါအုံး
မဆင်းတတ်တော့ဘူး ဟင့်...! "

" ငိုမနေနဲ့ လာ
ငါချပေးမယ်
ယောက်ျားမဟုတ်ဘူးလား
ဘာဖြစ်လို့အဲလောက်ထိငိုနေတာလဲ
နီရဲနေပြီ "

" ဟင့်...အင့်
ယောက်ျားလည်းကြောက်တာပဲကို
အင့်! လူယုတ်မာကြီး! "

" ဘာ! မင်း
ကူလည်းကူညီရအုံးမယ်
ငါထားခဲ့ရမလား ပြော "

" အင့်! မထားနဲ့ မထားနဲ့
မပြောတော့ဘူး ဟင့်! "

" ပြီးရော....လာ "

" ဟင်! လာခေါ်လေ "

ရှောင်းကျန့်
သူ့ကိုအပင်ပေါ်လာခေါ်မယ်ထင်ပေမယ့်
လမ်းကမ်းပေးနေတဲ့ရိပေါ်ကြောင့်
ကြောင်သွားမိသည်။
ထိုကြောင့်
အူကြောင်ကြောင်လေးဖြင့်....!

" ဝမ်ရိပေါ်က
ကျွန်တော့်ကိုအပင်ပေါ်လာခေါ်မှာမဟုတ်ဘူးလား "

" ဟ! အပင်ပေါ်ထိ
တက်ခေါ်ရအောင်
မင်းက ကလေးလား?
လာ....ဆင်းခဲ့!
ငါထိန်းထားပေးမယ် "

" ဟင့်အင်း....ကြောက်တယ် "

" ကျစ်! "

ရိပေါ်က
စိတ်ပျက်လက်ပျက်ဖြင့်ကျစ်သတ်သည်။

" မဆင်းတတ်ရင်နေခဲ့.......! "

" ဖမ်းထားပေး....အင့်! "

" ......ဟင်.....! "

ရိပေါ်
အမျိုးမျိုးရစ်နေတဲ့
ထိုဟာလေးကို
စိတ်မရှည်တော့သည်မို့
ပြန်ရန်သာဆုံးဖြတ်လိုက်သည်။

Time (Ongoing) Where stories live. Discover now