24

1.2K 194 1
                                    


လင်းယန်ရန်သည် ထိုရှေ့နေအား ငှားရန်းခမှာ ဈေးမနည်းကြောင်းတွေ့ရှိခဲ့ရသော်လည်း အားသာချက်တစ်ခုမှာ ယခင်က အခြားကုမ္ပဏီတစ်ခုမှ အနုပညာရှင်တစ်ဦးအား အလားတူ တရားစွဲဆိုခဲ့ဖူးပြီး အမှုအား လျင်မြန်စွာအနိုင်ရရှိခဲ့ခြင်း ကြောင့်ဖြစ်သည်။

လင်းယန်ရန်၏အခြေအနေမှာ အရင်လူနှင့်ကွာခြားသော်လည်း သူတို့နှစ်ဦးစလုံးသည် "ဘုရင်ခံ စာချုပ်" အငြင်းပွားမှုနှင့်ပတ်သတ်နေခဲ့ခြင်းပင်။

ရှေ့နေက အရမ်းအတွေ့အကြုံရှိကာ လင်းယန်ရန်နှင့် အသေးစိတ် ဆွေးနွေးပြီးနောက် သူသည် လိုအပ်သောအချက်အလက်များကိုစတင်စုဆောင်းကာ တရားရုံးတွင် တရားစွဲဆိုရန် ပြင်ဆင် ခဲ့သည်။

ညဘက် အိမ်ပြန်ရောက်ပြီးနောက် လင်းယန်ရန်သည် ယခင်ကထက် ပို၍လွတ်လပ်ပေါ့ပါးနေသလို ခံစားနေရသည်။

နောက်ပိုင်းတွင် တရားစွဲဆိုရာ၌ အလှည့်အပြောင်းများစွာ ရှိလာနိုင်သော်လည်း အနည်းဆုံး စာချုပ်ကို ရပ်စဲလို့ရပြီး မည်သည့်အရာကိုမျှ နောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်ခြင်းမခံရတော့ပေ။

လင်းယန်ရန်ရေချိုးပြီးနောက်  ယင်းယင်း ပေးပို့လာသော နောက်ဆုံး ခရီးစဉ်ကို ကြည့်လိုက်သည် ။

နက်ဖြန် သို့မဟုတ် သဘက်ခါအတွက် အစီအစဉ်မရှိ။ နောက်ဆုံးကြေငြာချက်မှာ "Super Idol" ၏တည်နေရာ ရိုက်ကူးမှုဖြစ်ပြီး နှစ်ရက်အကြာတွင် စတင်ရိုက်ကူးမှာဖြစ်သည်။

တစ်ပတ်နီးပါး အိပ်ယာဝင်နောက်ကျခဲ့သည့် လင်းယန်ရန်သည် ခြေထောက်ရေစိမ်ရန်အလို့ငှာ ခြေထောက်သန့်စင်ဇလုံထဲသို့ရေနွေးများဖြည့်နေခဲ့သည်။

ခြေထောက်ရေစိမ်ပုံးထဲက ရေကိုကြည့်နေစဉ် သူ့အဖွားကို ရုတ်တရက် သတိရသွားသည်။

သူငယ်စဉ်က သူ့ဖခင်မှာ အမြဲတစေ စီးပွားရေးကိစ္စဖြင့်အလုပ်ရှုပ်နေခဲ့ပြီး အိမ်မှာလည်း မကြာခဏ‌မနေဖြစ်ပေ။သူ့မိခင်မှာလည်း အမျိုးမျိုးသော အကဖျော်ဖြေပွဲများတွင်ဖျော်ဖြေဖို့ ကမ္ဘာတစ်ဝှမ်းကို သွားလာနေရသည်။အစ်ကိုက စာကျက်ဖို့ အလုပ်တွေရှုပ်နေခဲ့ပြီး သူနဲ့လိုက်ဆော့ကစားပေးဖို့ အချိန်မရှိခဲ့ပေ။ထို့ကြောင့် သူကလေးဘဝက ကျောင်းဆင်းတာနှင့် သူ့အဖွားအိမ်သွားပြီး ဆော့ကစားရတာကို ကြိုက်နှစ်သက်ခဲ့သည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now