Unicode
ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်:
Chapter 14ဒီညမှာတော့ သူကမအိပ်ပျော်နိုင်ဘဲ သူ့ဘေးနားကအမျိုးသမီးက သူမဟုတ်မဟုတ်ဆိုတာသိချင်နေသည်။သူဘယ်လောက်ပဲ လှုပ်ရှားလှုပ်ရှား သူမကနိုးမလာဘူးဆိုတာသတိထားမိသွားသည်။
အစမှာတော့ သူအဲ့ဒါကိုသတိထားမိတဲ့အချိန်မှာ နည်းနည်းလေးစိတ်တိုသွားသည်။ဒါပေမယ့် ရုတ်တရက်ပိုကောင်းတယ်လို့ခံစားသွားရသည်။သူရွှေ့အာနဲ့အတူတူအိပ်တုန်းကလည်း သူမက ဒီလိုပဲ ခဏလေးနဲ့အိပ်ပျော်သွားတတ်တယ်ဆိုတာ သတိရသွားသည်။
သူက ထထိုင်လိုက်ပြီးတော့ သူမကို စိုက်ကြည့်လိုက်သည်။သူတွေးနေတာက ပိုင်လျန်တိကသာ ရွှေ့အာဟုတ်တယ်ဆိုရင် သူမကိုဖော်ထုတ်ဖို့ နည်းလမ်းရှိမှာပဲ။အဲ့ဒီအကြောင်းကိုစဉ်းစားမိလိုက်တော့ သူကပြုံးလိုက်ပြီး သူ့ခံစားချက်ကလည်းပိုကောင်းလာသည်။သူက လှဲချလိုက်ကာ သူ့လက်ကိုဆန့်ထုတ်ပြီး သူမကို သူ့လက်မောင်းတွေထဲဆွဲထည့်လိုက်သည်။အချိန်အတော်ကြာပျောက်ဆုံးနေတဲ့ခံစားချက်က တကယ့်ကိုသူမပဲဖြစ်သည်။ဘာဖြစ်ဖြစ် သူမကို ရွှေ့အာလို့မှတ်ယူပြီး သူမကိုဖက်ကာ နောက်ဆုံးတော့အိပ်ပျော်သွားသည်။
နောက်တစ်နေ့တွင် ပိုင်ယွီရှောင်းက စစ်လျှို့ကျင်းကို သန့်ရှင်းရေးလုပ်ပေးဖို့နဲ့ အဝတ်အစားတွေလဲဝတ်ပေးဖို့စောင့်နေသည်။သူ့ကို တံခါးအပြင်ဘက်အထိလိုက်ပို့ပြီးတဲ့နောက်မှာတော့ ကုတင်ပေါ်ပြန်အိပ်ပြီး ကောင်းကောင်းစား၊ကောင်းကောင်းအိပ်တဲ့သူမရဲ့ဘဝလေးကိုပြန်ဆက်လိုက်သည်။
ဒါပေမယ့် အဲ့ရက်ကနေစပြီးတော့ အမျိုးသမီးအစောင့်တွေက သူမလှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေပြီး သူမနေ့တိုင်းလုပ်တာတွေကို မှတ်တမ်းယူထားသည်။သူမစားတာတွေနဲ့ သူမပြောတဲ့အရာတွေအကုန်လုံးပဲ။အသေးစိတ်အချက်အလက်တွေကအစ စစ်လျှို့ကျင်းဆီကို သတင်းပို့ကြသည်။
ပိုင်ယွီရှောင်းက စစ်လျှို့ကျင်းသူမကို စပြီး သံသယဝင်နေပြီဆိုတာ သိပြီးသားမလို့ သူမကိုတိတ်တိတ်လေးစောင့်ကြည့်ဖို့လူတစ်ယောက်ပို့ထားနိုင်တယ်ဆိုတာတောင်ခန့်မှန်းမိသည်။ဒါကြောင့် သူမကနေ့တိုင်းဟန်ဆောင်နေပြီး အစေခံနှစ်ယောက်ဖြစ်တဲ့ ကျောက်လုနဲ့ရွှမ်အာကလည်း အချက်ပေးမှုကိုနားလည်သည်။သူတို့က ပုံမှန်လိုပဲစကားပြောနေကြပြီး စံအိမ်အပြင်ဘက်ကအကြောင်းအရာတွေကိုမပြောကြတော့ပေ။
YOU ARE READING
Historical Fictionကမ္ဘာပေါ်မှာရှိတဲ့မိန်းမတိုင်းက အဓိကဇနီးနေရာအတွက် တိုက်ပွဲဝင်ဖို့ ဆန္ဒရှိနေတာမဟုတ်ဘူး။ ပိုင်ယွီရှောင်းက ကိုယ်လုပ်တော်အဖြစ်နေရတာကို အရမ်းပျော်တယ်။သူမ တစ်ခြားအရာတွေကို ဂရုစိုက်နေဖို့မလိုတော့ဘူးလေ။ ဘယ်သူကသိမှာလဲ။သူမရဲ့ အိပ်ဆောင်ကို နှစ်နှစ်လောက်မလာဘူးတ...