Unicode
ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်:
Chapter 16မျက်နှာဖုံးစွပ်ထားတဲ့ခေါင်းဆောင်က အခန်းထဲကိုဝင်လာခဲ့ပြီး အခန်းအလယ်မှာရှိတဲ့ထိုင်ခုံဆီကိုတန်းသွားသည်။အခန်းထဲက မှောင်မည်းနေတာကြောင့် သူ့ခန္ဓာကိုယ်ရဲ့အရိပ်ကိုတောင်မသဲမကွဲမြင်နေရပြီး ပိုင်ယွီရှောင်းက သူ့မျက်လုံးကိုတောင်မမြင်ရပေ။
သူက ဘာမှမပြောဘဲ အဲ့ဒီနေရာမှာထိုင်နေပေမယ့်လည်း သူ့ဘေးနားကလူကို မျက်လုံးနဲ့အချက်ပြလိုက်သည်။အဲ့ဒီလူက ခေါင်းဆောင်ရဲ့အသံတိတ်အမိန့်ကိုရပြီးတဲ့နောက်မှာတော့ သူမကိုစပြီးတော့မေးမြန်းတော့သည်။
"ငါတို့တွေနောက်ဆုံးအကြိမ်မင်းသားလင်ကိုလုပ်ကြံတုန်းက ငါတို့ရဲ့တာဝန်ကိုဝင်ရှုပ်သွားတာမင်းပဲ။မင်းကဘယ်သူလဲ?"
ပိုင်ယွီရှောင်းခန့်မှန်းတာမှန်သွားတယ်.....သူတို့ကတကယ်ပဲ အဲ့ဒီလူသတ်သမားတွေပဲ!!!
ဒါပေမယ့် သူတို့တွေကဘယ်လိုလုပ် သူမ လင်ဝမ်ကိုကယ်တာသိသွားတာလဲ???သူမသေချာပေါက်ကိုလျှို့ဝှက်ပြီးလုပ်ခဲ့တာပါ။အခု သူမ သူတို့ကိုပေါ့ပေါ့လေးမဆက်ဆံရဲတော့ဘူး။
သူမကပြန်မဖြေတဲ့အခါမှာ မျက်နှာဖုံးစွပ်လူတစ်ယောက်က ခြိမ်းခြောက်လိုက်သည်။
"မင်းမဖြေရင် မင်းအစေခံကိုသတ်ပစ်လိုက်မယ်!"
ရွေးချယ်စရာမရှိတော့ဘဲ ပိုင်ယွီရှောင်းက ပြန်ဖြေလိုက်ရတော့သည်။
"ကျွန်မက လင်ဝမ်ရဲ့ကိုယ်လုပ်တော်ပဲလေ။ဒါပေါ့ ကျွန်မကသူနဲ့တစ်လမ်းတည်းပဲကို...ရှင်မေးစရာရှိသေးလား?"
သူမအဲ့စကားတွေပြောတဲ့အချိန်မှာ ထိုင်ခုံပေါ်မှာထိုင်နေတဲ့ယောကျာ်းရဲ့မျက်လုံးက ဖျတ်ခနဲလက်သွားတာကို သတိမထားမိလိုက်ပေ။သူက တမင်တကာ အရိပ်တွေကြားထဲမှာထိုင်နေပြီး သူမသူ့ကိုကောင်းကောင်းမမြင်ရအောင်တမင်လုပ်ထားတာဖြစ်သည်။ဒါပေမယ့် သူ့ထိုင်ခုံကနေတော့ သူမရဲ့ပြောင်းလဲသွားတဲ့အမူအရာတွေကို မြင်နိုင်သည်။
မေးခွန်းတွေမေးနေတဲ့မျက်နှာဖုံးစွပ်လူက သူ့ခေါင်းကို ထိုင်ခုံပေါ်မှာထိုင်နေတဲ့ခေါင်းဆောင်ဘက်ကိုလှည့်လိုက်သည်။အဲ့ဒီနောက်မှာတော့ ခါးကုန်းလိုက်ကာ ခေါင်းဆောင်နားနားကပ်ပြောလာတဲ့အမိန့်တွေကိုနားထောင်လိုက်သည်
YOU ARE READING
Historical Fictionကမ္ဘာပေါ်မှာရှိတဲ့မိန်းမတိုင်းက အဓိကဇနီးနေရာအတွက် တိုက်ပွဲဝင်ဖို့ ဆန္ဒရှိနေတာမဟုတ်ဘူး။ ပိုင်ယွီရှောင်းက ကိုယ်လုပ်တော်အဖြစ်နေရတာကို အရမ်းပျော်တယ်။သူမ တစ်ခြားအရာတွေကို ဂရုစိုက်နေဖို့မလိုတော့ဘူးလေ။ ဘယ်သူကသိမှာလဲ။သူမရဲ့ အိပ်ဆောင်ကို နှစ်နှစ်လောက်မလာဘူးတ...