Chapter 27(The End)

1.8K 93 0
                                    

Unicode

ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်:
Chapter 27(The End Of Book 1)

စစ်လျှို့ကျင်းရဲ့လက်တွေကလေထဲမှာရပ်တန့်သွားသည်။သူက အရမ်းစိတ်ဆိုးနေတယ်ဆိုပေမယ့်လည်း ပြုံးချင်စိတ်တွေပေါ်လာပြီး သူ့မျက်နှာပေါ်မှာထိန်းထားတာက ပျက်လုနီးပါးဖြစ်သွားသည်။

"မင်းကငိုဖို့သိသေးတယ်ပေါ့လေ!ငါမင်းကိုအခုထိ ထိတောင်မထိရသေးဘူး!ငါမင်းကိုရိုက်မှာလို့ဘယ်သူပြောလဲ?ပြီးတော့ မင်းက သားတစ်ယောက်ကိုယ်ဝန်ရှိနေတယ်ဆိုတာ ဘယ်လိုသိလဲ!"

သူက အရမ်းဒေါသထွက်နေပေမယ့် "သားလေး" လို့ခေါ်သံကြားတာနဲ့ စိုးရိမ်စိတ်တွေပြည့်နှက်နေတဲ့ သူ့နှလုံးသားက စကားလုံးတွေကြောင့် ချက်ချင်းအာရုံပြောင်းသွားသည်။သူမကတော့ ပါးနပ်နေတုန်းပဲ သူမကဒူးထောက်တာတောင်မှ တမင်ကော်ဇောရှိတဲ့နေရာကိုရွေးထောက်သည်။အရင်တုန်းက သူက သူမအေးမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်မလို့ ထျန်းရှန်းနှင်းမြေခွေးရဲ့အမွှေးနဲ့လုပ်ထားတဲ့ကော်ဇောကို သူမအိပ်ဆောင်ထဲမှာ အထူးဖြန့်ခင်းပေးထားခဲ့တာဖြစ်သည်။သူက သူမသာလဲကျသွားခဲ့ရင်လည်း ကော်ဇောက သူမအတွက်အကာအကွယ်ဖြစ်နိုင်တယ်လို့ မှတ်ယူထားပြီး သူကဒီနည်းလမ်းနဲ့သူမအတွက်ဂရုစိုက်တာကိုဖော်ပြခဲ့တာဖြစ်သည်။

ဒါပေမယ့် သူမက အခုပိုကောင်းနေတယ်??သူမက အိမ်တော်ထဲကနေ သူမသိအောင်ထွက်သွားပြီး သူ့စကားတွေကိုအလေးအနက်မထားဘူး!!!

သူဘယ်လိုလုပ် ဒေါသမထွက်ဘဲနေနိုင်မှာလဲ!!?

ပိုင်ယွီရှောင်းက နှုတ်ခမ်းစူလိုက်သည်။

"ကျွန်မကိုယ်ဝန်စရှိကတည်းက စားချင်စိတ်တွေကတိုးလာတာ။ဒီလောက်စားချင်စိတ်ကြီးနေတာ ဒါကသားလေးဆိုတာသေချာတယ်"

သူမက စားချင်စိတ်ကြီးလာတာမှားတယ်လို့ခံစားရလို့ တိုင်နေတာလား?

သူက အရမ်းဒေါသထွက်ပေမယ့် တစ်ချိန်ထဲမှာပဲ သူကရယ်ချင်သွားသည်။ဒါပေမယ့် သူ့ကိုစိတ်ဆိုးပြေအောင်လုပ်ဖို့ဆိုတာမလွယ်ဘူး။သူက သူမကိုလက်ညှိုးထိုးပြီး ပြောလိုက်သည်။

ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်/ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်Where stories live. Discover now