Unicode
ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်:
Chapter 23ဆောင်းဦးရောက်တဲ့အချိန်မှာ ပိုင်ယွီရှောင်းက အလွန်အလုပ်များလာခဲ့သည်။
မင်းသားလင်အိမ်တော်မှာက ကိုယ်ပိုင်စက်ချုပ်သမတွေရှိပြီး သူတို့အားလုံးရဲ့လက်တွေကကျွမ်းကျင်ကြသည်။ပိုင်ယွီရှောင်းက ဆောင်းဦးရာသီအဝတ်အစားတွေကို လာယူဖို့ ခြံဝင်းတစ်ခုစီက အစေခံတွေကိုအမိန့်ပေးပြီး ခြံဝင်းတစ်ခုစီကရရှိတဲ့အရေအတွက်က သူတို့သခင်မတွေရဲ့ အဆင့်အတန်းအရဖြစ်သည်။ဆောင်းဦးရာသီက စပါးရိတ်သိမ်းချိန်လည်းဖြစ်ပြီး မင်းသားလင်အိမ်တော်ရဲ့ ဈေးဆိုင်တွေ၊လုပ်ငန်းတွေနဲ့ လယ်ယာမြေတွေကနေ အခွန်ငွေပေးဆောင်လာမည့်အချိန်ပဲဖြစ်သည်။
စာရင်းကိုင်တွေအားလုံးက အနယ်နယ်အရပ်ရပ်ကနေလာကြပြီး ခရီးဝေးတာကြောင့် တစ်ချို့ကမြင်းလှည်းများဖြင့်လာကြပြီး တစ်ချို့က လှေဖြင့်လာကြသည်။ခရီးတိုက သုံးရက်ခန့်ကြာမြင့်မည်ဖြစ်ပြီး ခရီးဝေးကတော့ ဆယ်ရက်ခန့်ကြာမြင့်မည်ဖြစ်သည်။ညအချိန်မှာ သူတို့က မြို့တော်မှာရှိတဲ့ တည်းခိုဆောင်မှာနေကြပြီး မနက်စောစောမှာ သူတို့ရဲ့သခင်ကိုမြင်ရဖို့အတွက် ဂိတ်တံခါးရှေ့မှာ လာစောင့်ကြတာဖြစ်သည်။
ဒါက ပိုင်ယွီရှောင်းပထမဆုံးကြည့်ရတဲ့ စံအိမ်တော်ရဲ့ အရေးကြီးတဲ့ ပွဲဖြစ်သည်။အမျိုးမျိုးသော ပိုင်ဆိုင်မှုဆိုင်ရာ စာရင်းကိုင်တစ်ဦးဆီတိုင်းကိုသိပြီး သူမက ငွေစာရင်းစာအုပ်တွေကို တစ်ပုံချင်းစီ ပြန်သုံးသပ်ကာ ဘဏ္ဌာတိုက်ထဲကိုမထည့်မီ ပမာဏကိုမှတ်တမ်းတင်ရန်လိုအပ်သည်။
ယခင်နှစ်တွေက ဒီကိစ္စကို တာဝန်ရှိတဲ့ လန်ရှူဖေးက ကိုင်တွယ်ရသည်။အခု တာဝန်ရှိတဲ့လူပြောင်းသွားပြီဖြစ်သည်။လန်ရှူဖေးက ပိုင်ယွီရှောင်းကို အနောက်ခြံဝင်းစီမံမှုလွှဲပေးတုန်းက ဒီအကြောင်းကိုပြောပြသင့်တာဖြစ်သည် ဒါပေမယ့် သူမက တမင်တကာ မပြောပြခဲ့ပေ။ဘဏ္ဌာထိန်းမှူးသူမကို တင်ပြလာတဲ့အခါမှာ ပိုင်ယွီရှောင်းက အရာအားလုံးကို အချိန်အနည်းငယ်အတွင်း စီစဉ်ရမည်ဖြစ်သည်။
YOU ARE READING
Historical Fictionကမ္ဘာပေါ်မှာရှိတဲ့မိန်းမတိုင်းက အဓိကဇနီးနေရာအတွက် တိုက်ပွဲဝင်ဖို့ ဆန္ဒရှိနေတာမဟုတ်ဘူး။ ပိုင်ယွီရှောင်းက ကိုယ်လုပ်တော်အဖြစ်နေရတာကို အရမ်းပျော်တယ်။သူမ တစ်ခြားအရာတွေကို ဂရုစိုက်နေဖို့မလိုတော့ဘူးလေ။ ဘယ်သူကသိမှာလဲ။သူမရဲ့ အိပ်ဆောင်ကို နှစ်နှစ်လောက်မလာဘူးတ...