Unicode
ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်:
Chapter 19အဲ့ဒီအချိန်မှာပဲ ကျောက်လုက မှိုဖြူနဲ့ကြာစေ့ပြုတ်ထားတဲ့စွပ်ပြုတ်ကိုယူလာခဲ့ပြီး သတင်းကိုကြားရတဲ့အခါမှာ အံ့အားသင့်သွားသည်။
သူမရော ရွှမ်အာရော နှစ်ယောက်လုံးက သူတို့သခင်မလေးအတွက်ပျော်သွားကြသည်။သခင်မလေးကမြတ်နိုးခြင်းခံရလိမ့်မယ်လို့ သူမဘယ်တုန်းကမှမတွေးမိခဲ့ဘူး။ပျော်စရာကောင်းတာတွေက တစ်ခုပြီးတစ်ခုဖြစ်လာနေတာပဲ။
ပထမ ဝမ်ရယ်က သခင်မလေးကိုမြတ်နိုးတယ် အဲ့နောက်ကျတော့ သခင်ကြီးက ရာထူးတိုးခံလိုက်ရတယ် အခု သခင်မလေးကလည်း ရှုဖေးဖြစ်သွားပြီ။ဘယ်သူကများ စိတ်မလှုပ်ရှားဘဲနေမှာလဲ?
ဒါပေမယ့် ပိုင်ယွီရှောင်းက သတင်းကြားတဲ့အခါမှာ သူမပုံစံကလေးနက်နေပြီး ပျော်ရွှင်နေတဲ့အရိပ်အယောင်မရှိပေ။
အစပိုင်းမှာတော့ အစေခံနှစ်ယောက်က ပျော်ရွှင်တာကြောင့်ကခုန်နေကြပေမယ့် သူတို့သခင်မလေးပျော်နေပုံမရတာကို သတိထားမိသွားတဲ့အခါမှာတော့ တစ်ခုခုလွဲနေတယ်ဆိုတာသိသွားသည်။
"သခင်မလေး?သခင်မလေးကဘာလို့မပျော်ရတာလဲ?"
ပိုင်ယွီရှောင်းက မျက်မှောင်ကြုံ့လိုက်သည်။
"ငါဘာလို့ဒီကိစ္စကတစ်ခုခုပုံမှန်မဟုတ်ဘူးလို့ခံစားနေရတာလဲ?ရှူဖေးဆိုတာက အမြဲတမ်းဧကရာဇ်ကပဲရွေးချယ်ပေးတာ။အထက်တန်းလွှာဝန်ကြီးမိသားစုတွေဆီက မိန်းမပျိုကပဲ ရွေးချယ်ခံရပြီးတော့ မင်းသားတွေဆီကိုဆက်သခံရတာ။အိမ်တော်ထဲမှာရှိတဲ့ကိုယ်လုပ်တော်ကနေ တန်းပြီး ရှုဖေးအဆင့်ထိ ဘယ်သူမှ အဆင့်တိုးမခံရဖူးဘူး။ဝမ်ရယ်က မြို့တော်မှာ ဒါကိုပထမဆုံးလုပ်တဲ့လူပဲ"
"ဒါပေမယ့် အဲ့ဒါမကောင်းဘူးလား?"
ဒါက ဝမ်ရယ်က သခင်မလေးကို ချစ်ခင်တယ်ဆိုတာပြတာပဲလေ!!!
"ငါ့အဖေက ဝန်ကြီးဌာနကိုလက်ထောက်ဝန်ကြီးအဖြစ်ဝင်ကာစရှိသေးတယ် ဝမ်ရယ်ကငါ့ကိုရှုဖေးအဆင့်ထိတိုးပေးလိုက်တယ်။သစ်ပင်ကြီးကလေတွေကိုဆွဲဆောင်တယ်*စောင့်ကြည့်နေလိုက်!!အဲ့ဒီ တော်ဝင်မိသားစုတွေနဲ့ အိမ်တော်အပြင်ဘက်က ဝမ်ဖေးနေရာကိုမျက်စိကျနေတဲ့ အမတ်တွေက သေချာပေါက်ကို နင်တို့သခင်မလေးဆီကို ဦးတည်လာကြလိမ့်မယ်"
YOU ARE READING
Historical Fictionကမ္ဘာပေါ်မှာရှိတဲ့မိန်းမတိုင်းက အဓိကဇနီးနေရာအတွက် တိုက်ပွဲဝင်ဖို့ ဆန္ဒရှိနေတာမဟုတ်ဘူး။ ပိုင်ယွီရှောင်းက ကိုယ်လုပ်တော်အဖြစ်နေရတာကို အရမ်းပျော်တယ်။သူမ တစ်ခြားအရာတွေကို ဂရုစိုက်နေဖို့မလိုတော့ဘူးလေ။ ဘယ်သူကသိမှာလဲ။သူမရဲ့ အိပ်ဆောင်ကို နှစ်နှစ်လောက်မလာဘူးတ...