Chapter 17

1.6K 106 0
                                    

Unicode

ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်:
Chapter 17

အစောင့်တွေသူမကိုလွှတ်ပေးလိုက်တာမြင်ပြီးတဲ့နောက်မှာတော့ စစ်လျှို့ကျင်းက လှည့်ထွက်သွားသည်။ပိုင်ယွီရှောင်းက သူတို့ကိုအဓိပ္ပာယ်ရှိတဲ့အကြည့်တစ်ချက်ပေးလိုက်ပြီး စစ်လျှို့ကျင်းနောက်ကိုလိုက်သွားသည်။သူက ရထားလုံးထဲဝင်ပြီး သူမကလည်းလိုက်ဝင်သွားသည်။ရထားလုံးထဲဝင်ပြီးတဲ့နောက်မှာတော့ သူမကအလိုလိုသူ့ရှေ့မှာဒူးထောက်ထားပြီး သူမခေါင်းကိုလည်းသနားစဖွယ်ငုံ့ထားသည်။

စစ်လျှို့ကျင်းက အစကနေအဆုံးထိ စကားတစ်လုံးမှမပြောဘဲ သူမကိုဒူးထောက်စေခဲ့သည်။

သူက ရွှေ့အာကိုရှာတွေ့တာပျော်ရွှင်တယ်ဆိုပေမယ့် သူ့ဆီကနေ ပုန်းပြီး အဝေးမှာနေတာကြောင့် သူမကိုစိတ်လည်းဆိုးသည်။

သူသာဒီထောင်ချောက်ကိုမဆင်ဘဲနဲ့ သူမကိုမဖော်ထုတ်ခဲ့ဘူးဆိုရင် သူမက သူ့ဆီကနေပုန်းဖို့ရည်ရွယ်ထားပြီး သူက သူမကို အေးစက်စက်ဆက်ဆံနေမိမှာပဲဖြစ်ပြီး သူမခြံဝင်းကို ဘယ်တော့မှမသွားတော့တာကြောင့် သူမက ဝူထုန်ခြံဝင်းထဲမှာပဲ မုဆိုးမတစ်ယောက်လို တစ်သက်လုံးနေသွားမှာလား?

ဒီလိုလုပ်ခြင်းအားဖြင့် သူမက သူ့ကို ဂရုမစိုက်ဘူးဆိုတာပြတာပဲ!!!!

သူမက သူမအသက်ကိုစွန့်ပြီးသူ့ကိုကယ်ခဲ့တယ်၊ရန်သူတွေအဝေးကိုထွက်သွားစေဖို့လည်းနည်းလမ်းရှာခဲ့တယ် ပြီးတော့ သူမကိုယ်သူမပေးဆပ်ပြီးတော့ သူအဆိပ်ဖြေနိုင်အောင်လည်းကူညီပေးခဲ့သေးတယ်။သူမက သူ့ကို တစ်လလုံး စိတ်ရောကိုယ်ပါနှစ်ပြီးပြုစုတဲ့အပြင် သူ့အတွက် သဲလွန်စတွေတောင် စုပေးထားသေးတယ်။

ဒါတွေက သူ့ကိုဂရုစိုက်တာမဟုတ်ဘူးဆိုရင် ဘာတွေလဲ?

သူမက သူ့အပေါ်မှာခံစားချက်တွေရှိတယ်ထင်ရပေမယ့် ပေါ်ထွက်မလာခဲ့ဘူး.....

သူမက သူ့ကိုဂရုစိုက်တယ်ထင်ရပေမယ့် အဲ့ဒါကမပေါ်လာဘူး....

အဲ့ဒါကပဲ သူ့ကို ချီတုံချတုံဖြစ်စေပြီး သူမကို ဘယ်လိုစိတ်မျိုးနဲ့ဆက်ဆံရမလဲဆိုတာသူသေချာမသိဘူး။

ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်/ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်Where stories live. Discover now