Unicode
ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်:
Chapter 24ရွှေ့ရှူဖေးကသူမရဲ့ပထမဆုံးတိုက်ပွဲမှာအနိုင်ရခဲ့တဲ့အကြောင်းအနောက်ခြံဝင်းတစ်ခုလုံးကိုပျံ့သွားသည်။လန်ရှူဖေးက သူမ နေမကောင်းဘူးဆိုတဲ့အကြောင်းပြချက်ကြောင့် ခြံဝင်းကနေမထွက်လာပေမယ့် ကျီကိုယ်လုပ်တော်သုံးယောက်ရဲ့စိတ်ထဲမှာတော့အပြောင်းအလဲဖြစ်သွားကြသည်။သူတို့ကတစ်ယောက်ပြီးတစ်ယောက်ရှေ့ထွက်လာကြပြီး သူတို့ရဲ့အဖျားကသက်သာသွားပြီဖြစ်ကြောင်းပြောကာ သူတို့ပူးပေါင်းလိုကြောင်းကိုဖော်ပြခဲ့သည်။သူတို့က သူမကို ဆက်ပြီး ဆန့်ကျင်ရဲပုံမပေါ်ကြပေ။
ပိုင်ယွီရှောင်းက သူတို့နဲ့အချိန်ယူပြီး အငြင်းပွားမနေဖို့ဆုံးဖြတ်လိုက်ပြီး သူတို့တွေဘယ်လိုကြောက်ရွံရမယ်ဆိုတာသိနေသရွေ့ ထိုဟာကအဆင်ပြေသည်။သူမက လူအင်အားကို အခုအချိန်မှာလိုအပ်နေတာမလို့ သူတို့ကို တာဝန်တွေအရင်ခွဲပေးလိုက်သည်။အရေးကြီးတဲ့ကိစ္စအားလုံးဖြေရှင်းပြီးသွားရင်တော့ သူမက သူတို့ကို အပြစ်ပေးမှာဖြစ်သည်။
အဲ့ဒီညမှာ စစ်လျှို့ကျင်းကသူမရဲ့အိပ်ဆောင်ကိုလာတဲ့အချိန် သူကဇာတ်ကြောင်းတစ်ခုလုံးကိုသိနေပြီးဖြစ်သည်။သူက ပြုံးပြီး သူမကိုဖက်ကာ ပြောလိုက်သည်။
"ကိုယ်က အစတုန်းက မင်းအတွက်စိတ်ပူနေခဲ့တာ ဒါပေမယ့် မင်းမှာအဲ့လိုအရည်အချင်းရှိနေမယ်လို့မထင်ထားခဲ့ဘူး။ကိုယ်မင်းကိုလျော့တွက်မိသွားတာပဲ"
ပိုင်ယွီရှောင်းက နှုတ်ခမ်းစူပြီး သူ့ကိုမျက်စောင်းထိုးလိုက်သည်။သူက သခင်မမိန့်အကြောင်းပြောနေတယ်ဆိုတာ သူမသိသည်။
"ဒါတွေအကုန်လုံးကို ရှင့်ရဲ့ အရမ်းကောင်းတဲ့ညီမဝမ်းကွဲလေးကိုပဲကျေးဇူးတင်ရမှာပါ"
သူတို့ပြောတဲ့ ညီမဝမ်းကွဲကတော့ လန်ရှူဖေးပဲဖြစ်သည်။
"ကောင်းပြီ ကောင်းပြီ....မင်းမတရားခံရတာကိုယ့်အမှားပါ။တော်သေးတာပေါ့ ကိုယ့်ရဲ့ရွှေ့အာလေးက ဆက်ဆံဖို့မလွယ်ကူတဲ့သူဖြစ်နေလို့။ဒီနေ့ ကိုယ်နန်းတော်ထဲကိုသွားပြီး ကိုယ့်ရဲ့ကြင်ယာတော်မယ်တော်ကို မင်းသမီးကျွမ်းကနေမင်းကိုသင်ပြပေးဖို့ သွားပြောခဲ့တယ်။ကိုယ့်ရဲ့ကြင်ယာတော်မယ်တော်ကလည်းသဘောတူခဲ့တယ် ဒါပေမယ့် ကိုယ်မထင်ထားတာက မင်းသမီးမရောက်ခင်မှာပဲ မင်းက ပိုကောင်းတဲ့လက်ထောက်တစ်ယောက်ကိုကိုယ့်ဘာသာရှာတွေ့သွားတယ်"
YOU ARE READING
Historical Fictionကမ္ဘာပေါ်မှာရှိတဲ့မိန်းမတိုင်းက အဓိကဇနီးနေရာအတွက် တိုက်ပွဲဝင်ဖို့ ဆန္ဒရှိနေတာမဟုတ်ဘူး။ ပိုင်ယွီရှောင်းက ကိုယ်လုပ်တော်အဖြစ်နေရတာကို အရမ်းပျော်တယ်။သူမ တစ်ခြားအရာတွေကို ဂရုစိုက်နေဖို့မလိုတော့ဘူးလေ။ ဘယ်သူကသိမှာလဲ။သူမရဲ့ အိပ်ဆောင်ကို နှစ်နှစ်လောက်မလာဘူးတ...